iMyanmarHouse.com - Best Property Website for Myanmar
×










အိမ်ထောင်ကွာရှင်းပြတ်စဲခြင်းဆိုတာ အထူးသဖြင့် ကလေးတွေ ပါနေတဲ့အချိန်မှာ အခက်ခဲဆုံး ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒီလို အကြိမ်ပေါင်းများစွာ ကွာရှင်းပြတ်စဲမှုထက် မကျေမချမ်းဖြစ်မှုနဲ့ ဒေါသတွေ စုံပြုလာခြင်းက မိမိကို အနှောင့်အယှက် ပိုအဖြစ်မြန်စေပါတယ်။ ရှေ့ကို ဆက်သွားချင်ပါက မိမိအတွက် အကောင်းဆုံး လုပ်နိုင်တာက အရာရာ ခွင့်လွှတ်မေ့ပစ်ဖို့သာလျှင် ဖြစ်ပါတယ်။ အဲဒီအတွက် နည်းလမ်းတွေ ရှိပါတယ်။

ဒေါသကို ရပ်တန့်ပါ
အိမ်ထောင်ကွာရှင်းပြတ်စဲပြီးနောက် ပျော်ပျော်ရွှင်ရွှင် ရှိနေကြသူတွေဟာ ဒေါသကို လျစ်လျုရှူထားသူတွေ ဖြစ်ပါတယ်။ ယင်းပြသနာနဲ့ အိမ်ထောင် ကွဲရတဲ့ဖြစ်စဉ်နဲ့ အတူတွဲပါလာတဲ့ စိတ်ခံစားချက်ကြောင့် တစ်ချိန်လုံး မခံစားနဲ့ လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကို ကြီးထွားစေခြင်းက အသုံးဝင်တာထက် ပိုနေရပြီဆိုတာနဲ့ ကိုယ့်ဘာသာကို အခြေအနေအောင် ဆိုးအောင် လုပ်နေတဲ့သဘော ဖြစ်လာပါတယ်။ မိမိဘဝကို တာဝန်ယူပြီး ပိုအကျိုးရှိမယ့် တစ်စုံတစ်ခု စူးစိုက်လုပ်တာ မိမိကို ဒေါသ ပြန်မဖြစ်အောင်  ထိန်းသိမ်းဖို့ ခြေလှမ်းအစပဲ ဖြစ်ပါတယ်။

မိမိအား ဆန့်ကျင်သူများနဲ့ ဝေးဝေးနေပါ
အိမ်ထောင်ကွဲရတဲ့အဖြစ်က ဖြေရှင်းရ မလွယ်ကူတဲ့ အရာတစ်ခုဖြစ်ပြီး မိမိချစ်တဲ့သူတွေဆီမှ အကူအညီ လိုအပ်ပါလိမ့်မယ်။ အဲဒီလို အခက်အခဲဖြစ်နေစဉ် မိမိအနီးအနားမရှိသူများကိုတော့ စာရင်းထဲ ထည့်မစဉ်းစားသင့်ပါ။ မိမိကို ကူညီမယ့် သူများဆီသာ မိမိအချစ် စီးဆင်းစေသင့်ပါတယ်။

ကြောက်လန့်ခြင်း
အမျက်ဒေါလိုပဲ ကြောက်ရွံ့ခြင်းဟာလည်း စိတ်ခံစားချက်တစ်ခုသာ ဖြစ်ပြီး ကျော်လွှားဖို့ လိုအပ်ပါတယ်။ မိမိကို ကြောက်ရွံ့မှု ဖြစ်စေတဲ့ အရာကို ဖော်ထုတ်ပြီး မိမိစိတ်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေ မဖြစ်စေကို ဆုံးဖြတ်ပါ။ အရင်က မိမိ မလုပ်ဖူးတဲ့ အရာကို ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်ခြင်းနဲ့ မိမိအကြောက်ဆုံးအရာနဲ့ ရင်ဆိုင်ကြည့်ဖို့ မလွဲမသွေ လိုအပ်ပါတယ်။

မိမိအကျင့်ဆိုးများကို ဖော်ထုတ်ပါ
သဝန်တိုမှု၊ မနာလိုစိတ်၊ အစားကြူးခြင်း၊ တပ်မက်ခြင်း၊ ဝင့်ကြွားခြင်း စတဲ့ အကျင့်ဆိုးများ အစဉ်လိုက် ရေးမယ်ဆိုပါက ဆုံးနိုင်မယ် မထင်ပါဘူး။ ဒီအပြုအမူတွေက အကျင့်ကောင်းတွေ အစားထိုးဝင်လာဖို့ ဟန့်တားနေတဲ့ အရာတွေမို့ ဒါတွေကို ဖြည်းဖြည်းချင်း ဖျောက်ပစ်ဖို့ ကြိုးစားပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top