iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေအတွက်တော့ ဒါဟာ သတင်းကောင်းတစ်ပုဒ်များ ဖြစ်လိမ့်မလား။ အမျိုးသားတွေထဲမှာ အရမ်းနွဲ့လွန်းနေတာမျိုး၊ မိန်းမဆန်တာမျိုး မဟုတ်ပမေယ့် မျက်နှာအနေအထားသွင်ပြင်က မိန်းကလေးတွေလို ကြည့်ကောင်းနေတယ်ဆိုရင် အဲ့ဒီအမျိုးသားဟာ သူ့ချစ်သူအမျိုးသမီးအတွက် လက်တွဲဖော်ကောင်းပါတဲ့။  ဒီအကြောင်းကို The Daily Mail မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ယောင်္ကျားသိပ်ဆန်လွန်းတဲ့ အမျိုးသားတွေကို လေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့ပြီးတဲ့ နောက်မှာ ဒီလိုအမျိုးသားတွေဟာ သစ္စာသိပ်မရှိကြသလို ဖခင်ကောင်းတစ်ယောက်လည်း ဖြစ်မလာကြဘူးလို့ ဆိုထားပါတယ်။ ဒီလေ့လာမှုနဲ့ တူညီတဲ့ စိတ်ပညာရှင်တွေရဲ့ တွေ့ရှိချက်ကတော့ အမျိုးသားတွေမှာ အမျိုးသမီးတစ်ယောက်လို မျက်နှာသွင်ပြင်၊ ခပ်ချောချော အမျိုးသားတွေဟာ ကတိက၀တ်တည်ကြသလို သူတို့လက်တွဲဖော်ကို လိမ်ညာတာမျိုး နည်းပါးပါ သတဲ့။

လေ့လာမှုအရ ဗြိတိန်အမျိုးသားနဲ့ အမျိုးသမီး အယောက် ၄၀၀ကျော်ကို ဒစ်ဂျစ်တယ်နည်းနဲ့ ပြောင်းလဲထားတဲ့ အမျိုးသားတွေရဲ့ မျက်နှာအမျိုးမျိုးကို ကြည့်ပြီး မေးခွန်းတွေ မေးမြန်းခဲ့ကြတာပါ။ မေးခွန်းတွေကတော့ သူတို့မြင်တဲ့အမြင်ပေါ်မူတည်ပြီး မိဘအုပ်ထိန်းမှုအပိုင်းတွေသာမက ချစ်တင်းနှီးနှောဖလှယ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေလည်း ပါဝင်ပါတယ်တဲ့။

ခုနပြောသွားတဲ့ မျက်နှာအနေအထားတွေမှာ ယောင်္ကျားဆန်တယ်ဆိုတဲ့ မျက်နှာမျိုးတွေဟာ မေးရိုးကားကား၊ နှာခေါင်းကြီးကြီးနဲ့ မျက်လုံးသေးသေးပိုင်ဆိုင်တဲ့ မျက်နှာမျိုးဖြစ်ပြီး မိန်းမဆန်တဲ့ မျက်နှာမျိုးဆိုတာက နှုတ်ခမ်းထူထူ၊ မျက်လုံးမျက်အိမ်ကြီးကြီး နဲ့ မျက်ခုံးပါပါးနဲ့ ဇင်ယော်မျက်ခုံးမျိုး ပိုင်ဆိုင်သူတွေကို ဆိုလိုတာပါတဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top