iMyanmarHouse.com - Best Property Website for Myanmar
×

လူ့ခန္ဓာကိုယ်ဟာ အကြမ်း ဖျင်းအားဖြင့် နေ့စဉ်သွားရည် ၅၀ အောင်စလောက်ထုတ်လုပ်ပေး လို့ သွားရည်တွေများနေတယ်ဆို ပြီး အလကားနေရင်း ထွေးထုတ် နေဖို့မလိုအပ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ သွားရည်ဟာ ကျန်း မာရေးအတွက်အရေးပါတဲ့ကဏ္ဍ ကနေပါဝင်တဲ့အတွက်ပါ။
သွားရည်ဟာ သဘာဝပိုး သတ်ဆေးဖြစ်ပြီး သွားဖုံးကျန်းမာ ရေးအတွက် ထောက်ကူပေးသလို သွားပိုးစားခြင်းမှလည်း ကာကွယ် ပေးကာ သွားကြားထဲအစာဝင် တာတွေကို ဖယ်ရှားပေးပါတယ်။ သွားရည်ကနေတစ်ဆင့် ကျန်းမာရေးအခြေအနေကို သိနိုင်တာကြောင့် သတိပြုမိနိုင်အောင် ဖော် ပြပေးလိုက်ပါတယ်။

ပါးစပ်ထဲမှာ သွားရည် မထွက်သလောက်နည်းနေပြီဆို ရင် ရင်ချောင်ဆေးသောက်မိလို့ (ဒါမှမဟုတ်) ဆေးတစ်ခုခုနဲ့ဓာတ် မတည့်လို့ဖြစ်နိုင်သလို အသက် အရွယ်ကြောင့်၊ ကျန်းမာရေးတစ် ခုခုချို့ယွင်းနေတာကြောင့်ဖြစ် တတ်ပါတယ်။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ တစ်နေ့နှစ်ကြိမ် သွားတိုက်ကြည့်လို့မှ မထူးခြား ရင်တော့ သွားဘက်ဆိုင်ရာ ဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါတယ်။
သွားရည်ထဲမှာ အဖြူအဖတ် တွေလိုပါလာရင် ခံတွင်းမှာ မှို ရောဂါကူးစက်ခံရတာကြောင့် ဖြစ်တယ်ဆိုတာသိထားရပါမယ်။

သွားရည်ကို ဓာတ်ခွဲစစ်ဆေး ကြည့်လိုက်တာနဲ့ ဆီးချို(ဒါမှ မဟုတ်) ကင်ဆာစတဲ့ရောဂါတစ် ခုခုရှိနေပြီလားဆိုတာ သိနိုင်တယ်လို့ဆိုပါတယ်။ သွားရည်မှာ အချဉ်ဓာတ်အရမ်းများနေပြီဆိုရင်တော့သွားတွေကို တိုက်စားပြီး အခေါင်းပေါက်တွေပါဖြစ်စေနိုင်ပါတယ်။ အနီရောင်အသား၊ ဥအမျိုးမျိုး စတာတွေစားပေးမယ်ဆိုရင် အချဉ်ဓာတ်ကိုလျော့ပါးစေတယ်လို့ဆိုပါတယ်။
သွားရည်အရမ်းထွက်လွန်း တာဟာ သုတေသနပြုချက်တွေ အရ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေအများဆုံးဖြစ်လေ့ရှိတယ် လို့ဆိုပါတယ်။ 

    ဟော်မုန်း အပြောင်းအလဲကြောင့် (ဒါမှမဟုတ်) ပျို့အန်ချင်တဲ့ခံစားမှုတွေ ကြောင့်လည်းဖြစ်တတ်လို့ ပီကေတို့၊ သကြားလုံးတို့စားပေးရင်အထွက်လွန်နေတဲ့သွားရည်တွေကို အလိုလိုမျိုချပြီးသား ဖြစ်စေပါ တယ်။
သွားရည်ချဉ်တာ၊ ခါးတာ ဖြစ်ရင်တော့ အစာအိမ်ထဲက အက်စစ်တွေ လည်ချောင်းဝဆီ ကိုတက်လာတာကြောင့်ဖြစ်ပြီး များသောအားဖြင့် ရင်ပူရင်ဆာ ဖြစ်တာကြောင့်ပါ။ ဒီလိုအခြေ အနေကိုသက်သာဖို့အတွက်ဆို ရင် ကိုယ်အလေးချိန်ပြန်ထိန်းတာ မျိုးပဲဖြစ်ဖြစ်၊ ဆီများတဲ့အစား အစာတွေနဲ့ အပူအစပ်တွေရှောင် ဖို့လိုအပ်ပါတယ်။


လျှာတွေစေးထန်းထန်းဖြစ် လာရင်တော့ ခန္ဓာကိုယ်တွင်း ရေဓာတ်ပြန်ပြည့်ဖို့အတွက် ရေ များများသောက်ဖို့လိုပါတယ်။ ပါးစပ်နဲ့အသက်ရှူတာထက် နှာခေါင်းကနေရှူသွင်းရှူထုတ် လုပ်ပေးခြင်းဖြင့် ခံတွင်းကို ရေ ဓာတ်ပြန်ပြည့်စေပါတယ်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top