iMyanmarHouse.com - Best Property Website for Myanmar
×

တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီးလီယူဘီသည် ဆိုးလ်မြို့ကလပ်တစ်ခု၌ ပျောက် သွားခဲ့သော မိုဘိုင်းဖုန်းအတွက် ကိုရီးယားဝမ်သန်း ၂၀ (ကန်ဒေါ် လာ ၁၇,၅၀၀)ပေးရန် ခြိမ်းခြောက်ခံရသည်။ လီယူဘီသည် အောက် တိုဘာ ၁၇ ရက်တွင် ဂန်းနမ် ကလပ်တစ်ခု၌ ဖုန်းပျောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၂၂ ရက်တွင် ဖုန်းတွေ့ရှိထားသူ အား ဆုငွေပေးမည်ဟု ၎င်း၏ဖုန်း သို့ စာပို့ခဲ့ကြောင်း လီယူဘီ၏ အေဂျင်စီ sidusHQ ကပြော သည်။

လီယူဘီ၏ဖုန်းမှာ စကားဝှက် မခံထားသောကြောင့် ယင်းဖုန်း ကိုတွေ့ရှိသူက ဖုန်းပိုင်ရှင်မှာ ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း သိရှိပြီး လီယူဘီထံသို့ လေးကြိမ် ဖုန်းဆက်ခဲ့သည်။ လီယူဘီအနေ ဖြင့် ၎င်း၏ဖုန်းကို ကိုရီးယားဝမ် သန်း ၂၀ ဖြင့်ရွေးရမည်ဖြစ် ကြောင်းနှင့် ယင်းသို့မရွေးလျှင် ဖုန်းထဲရှိ အကြောင်းအရာများကို လူသိရှင်ကြားဖွင့်ချမည်ဟု ဖုန်း တွေ့ရှိသူက  ခြိမ်းခြောက်ခဲ့ ကြောင်း အေဂျင်စီကပြောသည်။

ဖုန်းထဲ၌ လျှို့ဝှက်ချက်မရှိ သော လီယူဘီက ယင်းခြိမ်း ခြောက်မှုကို ရဲစခန်းသို့တိုင်ကြား ခဲ့၍ ရဲများ၏ကြီးကြပ်မှုအောက် တွင် ခြိမ်းခြောက်ငွေညှစ်သူအဖွဲ့ ကို တွေ့ဆုံခဲ့ပြီး ယင်းလူစုကို ရဲ တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့သည်ဟု အေဂျင်စီကပြောသည်။ ခြိမ်း ခြောက်ငွေညှစ်သူနှင့် ဆယ်ကျော် သက်နှစ်ဦးပါအဖွဲ့ကို ခြိမ်းခြောက်ငွေညှစ်မှုဖြင့် နာမည်များကို တရားဝင်ပြစ်မှုမှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။

အသက် (၂၄)နှစ်အရွယ်ရှိ သရုပ်ဆောင်မင်းသမီး လီယူဘီ သည် Scholar Who Walks the Night နှင့် Pinocchio ဒရာမာ ဇာတ်လမ်းတွဲများ၌ များမကြာ သေးမီက ပါဝင်သရုပ်ဆောင်ခဲ့ သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top