iMyanmarHouse.com - Best Property Website for Myanmar
×














သင့် နစ္စဓူဝလုပ်ရှားမှုက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေဖို့ အခွင့်အရေးတွေ ပေးလို့နေပါတယ်။ ဘယ်လိုပေးနေသလဲ ဆိုရင်…

ကျန်းမာကြံ့ခိုင်ခြင်းရှိဖို့ ကျွန်ုပ်တို့အများစုက တစ်စုံတစ်ခု လုပ်ချင်ကြပေမယ့် gym လည်းမသွားနိုင်၊ ကျန်းမာရေးလေ့ကျင့်မှုလည်း မလုပ်နိုင်ဖြစ်ကြပါတယ်။ သို့သော် ကျွန်ုပ်တို့ နေ့စဉ်ဘဝလှုပ်ရှာင်းမှုလေးက ရိုးရှင်းတဲ့အရာတွေ မပျက်မကွက်လုပ်ဆောင်ခြင်းနဲ့ နေ့စဉ်ပြုမူလုပ်ဆောင်သည့်အရာများ ဂရုစိုက်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေဖို့ အခွင့်အရေးတွေ အလုံလောက်ပေးနေပါတယ်။

ကျောင်းတက်စဉ်က တချို့အကျင့်လေးတွေ ပြန်လည်ထူထောင်ခြင်းက ကျွန်ုပ်တို့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခြားနားမှုဖြစ်စေနိုင်ပါသေးတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုစုံစံတစ်ခု ထိန်းသိမ်းထားရပါမယ်။ ညစာစားချိန်ကို အိပ်ချိန်နဲ့ အနည်းဆုံး ၂ နာရီလောက် ခြားပေးပါ။ အဲဒီနည်းဖြင့် အစာချေမှု ပိုမိုကောင်းမွန်စေပြီး ဗိုက်သားအဆီနဲ့ လေးကန်ထိုင်းမှိုင်းမှု လျော့နည်းစေပါလိမ့်မယ်။ ပုံမှန်ထနေကျအချိန်ထက် နာရီထက်စောထပြီး မိမိအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတစ်ခုခု ပြင်ဆင်ချက်ပြုတ်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top