iMyanmarHouse.com - Best Property Website for Myanmar
×











ကော်ဖီဆိုတာက လေ့ကျင့်ခန်းမလုပ်မီ မသောက်သင့်တဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီအချက်ကို လက်ခံထားရမှာပါ။ “လေ့ကျင့်ခန်းလုပ်ခါနီး ကဖီးဓာတ်သုံးဆောင်ခြင်း” အမည်ပေးထားတဲ့ လေ့လာမှုတစ်ခုမှာ ပါဝင်သူ ၁၄ ယောက်ရှိပြီး အပြင်းအထန်မဟုတ်တဲ့ ပုံသေစက်ဘီးစီးလေ့ကျင့်ခန်း နှစ်မျိုးလုပ်ခဲ့ပါတယ်။

တစ်ဖွဲ့ကို (၈) အောင်စ ပမာဏရှိ ကော်ဖီ (၂) ခွက် သို့မဟုတ် ဘလက်တီး (၄) ခွက်နဲ့ ညီတဲ့ ကဖီးဓာတ်ကို ပေးထားပါတယ်။ နောက်တစ်ဖွဲ့ကိုတော့ အာနိသင်မရှိတဲ့ဆေးတစ်မျိုး ပေးထားပါတယ်။ ကဖီးဓာတ်က လေ့ကျင့်ခန်းကို အခက်အခဲမရှိ၊ ပိုပြီး ပျော်ရွှင်မှုဖြစ်စေနိုင်ကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီ့ပြင် လေ့ကျင့်ခန်းမလုပ်မီ ကဖီးဓာတ်ဖြည့်တင်းထားသူတွေမှာာ ဗိုက်စာတဲ့ပြသနာ ပိုနည်းကြောင်းကိုလည်း သုတေသီများ တွေ့ရှိခဲ့ကြပြန်ပါတယ်။ လေ့ကျင့်ခန်းမလုပ်မီ ကဖီးဓာတ်စားသုံးသူတွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ် နာကျင်ကိုက်ခဲမှုကို လျှော့ကျစေကြောင်းလည်း လေ့လာတွေ့ရှိခဲ့တယ်။

ကဖီးဓာတ်ကို အတန်သင့် မှီဝဲနေသမျှ အထိတ်တလန့်ဖြစ်ခြင်း၊ စိတ်ပူပန်ခြင်း၊ အစာအိမ်နာကျင်ကိုက်ခဲခြင်းများနဲ့ နှလုံးခုန်မြန်ခြင်း စတဲ့ အကျိုးဆက်များ မဖြစ်အောင် တားဆီးပေးမှာဖြစ်ပါတယ်။ အခုတော့ လေ့ကျင့်ခန်းမစတင်မီ ကော်ဖီလေးတစ်ခွက်လောက်မော့ပြီး ပျော်ရွှင်မှုအားလုံး ရယူပိုင်ဆိုင်နိုင်ပါပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top