iMyanmarHouse.com - Best Property Website for Myanmar
×











ထိုးထွင်းဥာဏ်ရိတဲ့ creative ဆိုတဲ့ ဝေါဟာရက ရေပန်းအစားဆုံးစကားဖြစ်ပါတယ်။ ထက်ထက်မြက်မြက်ရှိသော၊ တက်ကြွသော၊ ပြီးတော့ အတွေ့အကြုံနှံ့စပ်သော ဆိုတဲ့စကားလုံးတို့က နောက်ရေပန်းအစားဆုံး စကားလုံးများဖြစ်တယ်လို့ ဆိုပါတယ်။

အသက်မွေးမှု လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် David Schwarz က ရေးပန်းစားတဲ့ စကားလုံးများ အသုံးပြုခြင်းက မိမိ အလုပ်လျှောက်လွှာ CV ကို ယျေဘူယျကျစေရုံမက သက်ဆိုင်ရာလုပ်ငန်းရှင်ကို လှည့်စားဖို့ ကြိုးစားနေကြောင်း ထင်မြင်ယူဆစေပါတယ်။

အပေါ်ယံရွှေမှုန်ကြဲသလိုဖြစ်နေတာကြောင့် ယင်းစကားလုံးတို့ဟာ လှည်းစားနေပြီဆိုတဲ့ အသိကိုပဲ ရစေတယ်လို့ Schwarz က ဆိုပါတယ်။ အလုပ်လျှောက်လွှာမှာ ဖော်ပြထားသမျှကို သက်သေအထောက်အထားနဲ့တကွ ဒွန်တွဲဖော်ပြထားဖို့ လိုပါတယ်။

အချက်အလက်တစ်ခုခုနဲ့ တွဲမပြနိုင်ပါက မိမိ CV ထဲ မထည့်သွင်းသင့်ပါဘူး။ လျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာထဲမှာ စိတ်လှုံ့ဆော်မှုကို လုံးဝမပါဝင်စေသင့်ကြောင်း သူက ပြောပါတယ်။

အောက်ပါ ဝေါဟာရတွေဟာ မိမိအကြောင်း အမွှမ်းတင်ပြောဆိုရာမှာ အတွေ့များဆုံး စကားလုံးတွေဖြစ်ပါတယ်။

1.    ထိုးထွင်းဥာဏ်ရှိသော - Creative

2.    ထိရောက်သော - Effective

3.    တက်ကြွသော - Motivated

4.    အတွေ့အကြုံနှံ့စပ်ခြင်း - Extensive experience

5.    လက်တွေ့အောင်မြင်မှု - Track record

6.    တီထွင်ဆန်းသစ်သော - Innovative

7.    တာဝန်သိတတ်သော - Responsible

8.    ဆန်းစစ်သော -  Analytical

9.    ဆက်ဆံရေးပြေပြေပြစ်ပြစ်ရှိခြင်း - Communication skills

10. အကောင်းမြင်တတ်သော -  Positive စတဲ့ စကားလုံးများပဲ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်လျှောက်တဲ့အခါ ဒါတွေကို ရမ်းမသုံးသင့်ကြောင်း တင်ပြလိုက်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top