ဆီးချိုရောဂါ မကုသဘဲထားပါက ဖြစ်လာနိုင်သော ဆိုးကျိုးများ
ဆီးချိုရောဂါခံစားနေရပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ဘဲနေပါက ဆီးချိုရောဂါနှင့်ဆိုင်သော ကျန်းမာရေးအခြေအနေရှုပ်ထွေးမှုများ ကို ငါးနှစ်အတွင်း ကြုံတွေ့ရနိုင်သည်။
အမျိုးအစား (၁) ဆီးချိုရောဂါခံစားနေရပါက သွေးထဲရှိ သကြားဓာတ်ကို ထိန်းညှိပေးသော ဟော်မုန်းတစ်မျိုးဖြစ်သည့် အင်ဆူလင် ကို ခန္ဓာကိုယ်က ထုတ်လုပ်မှုရပ်တန့်သွားသည်။ အမျိုးအစား (၂) ဆီးချိုရောဂါခံစားနေရပါက ခန္ဓာကိုယ်က အမှန်တကယ်ထုတ်လုပ် သော အင်ဆူလင်ကို အသေအချာအသုံးမချနိုင်ဖြစ်လာတတ်သည်။
ဆီးချိုရောဂါရှင် လေးသန်းကျော်သည် မျက်စိနောက်ဘက်ရှိ အလင်းထိရှိမှုမခံနိုင်သော တစ်သျှူးပျက်စီးခြင်း (သို့မဟုတ်) မျက် ကြောလွှာထိခိုက်မှုကြောင့် အမြင်အာရုံဝေဝါးသွားလေ့ရှိသည်။ စောစောပိုင်း ရောဂါလက္ခဏာမပြင်းထန်ဘဲ၊ မကုသဘဲ အချိန်ကြာ လေလေ အမြင်အာရုံပို၍ ဆိုးရွားလာလေဖြစ်နိုင်သည်။
အချိန်ကြာလာလျှင် ဆီးချိုရောဂါသည်များသည် ကျောက်ကပ် လုပ်ဆောင်ချက် ပြဿနာများနှင့်လည်း ကြုံတွေ့ရနိုင်သည်။ မကုသဘဲထားပါက ၁၀ နှစ်အတွင်း ကျောက်ကပ်များ ပျက်စီးသွားမည်ဖြစ် သည်။
ဆီးချိုရောဂါရှိနေကြောင်း စစ်ဆေးသိရှိသူများ၏ ၇ ဒသမ ၅ ရာခိုင်နှုန်းခန့်သည် အာရုံကြောပျက်စီးမှုဒဏ် ကြုံတွေ့ရပြီး တဖြည်းဖြည်းနှင့် အမျိုးအစား (၁) (သို့မဟုတ်) အမျိုးအစား(၂) ဆီးချိုရောဂါသည်များ၏ ထက်ဝက်ခန့် ယင်းအခြေအနေကြုံတွေ့ရမည်ဖြစ် သည်။
ထို့အပြင် ခြေထောက်တွင် ဒဏ်ရာရပြီး ထုံကျဉ်နေမှုကြောင့် ဒဏ်ရာရနေကြောင်း သတိမထားမိဘဲဖြစ်နေစဉ် သွေးလည်ပတ်မှု ကလည်း အားမကောင်းသဖြင့် ဒဏ်ရာသက်သာမှုနှေးကွေးနိုင် သည်။ ရောဂါပိုးဝင်ရောက်နိုင်ပြီး အရိုးထဲအထိ ရောဂါပိုးများ ပျံ့နှံ့ ရောက်ရှိသွားပါက ခြေထောက်များ ဖြတ်ပစ်ရနိုင်သည်။ ထို့အပြင် နှလုံးရောဂါထခြင်း ကြုံတွေ့နိုင်ပြီး ကျန်းမာရေးပြဿနာများအားလုံး ပေါင်းဆုံလာသည့်အခါ အရွယ်မတိုင်မီ သေဆုံးရလေ့ရှိသည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...