iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ရဲ့ ရည်းစာဟောင်းနဲ့ လမ်းခွဲလိုက်စဉ်တုန်းက လုံလောက်တဲ့နာကျင်မှု ကို သင်ရပြီးပါပြီ။ ဒါပေမယ့်လည်း သင့်ရဲ့ သူငယ်ချင်းတွေကတော့ သင့်ရဲ့ ရည်းစားဟောင်းနဲ့ အဆက်အသွယ်ရှိနေဆဲ၊ အဆက်အဆံ ရှိနေဆဲ ဆိုရင်တော့ နာကျင်ရတာထက်ပိုပြီး အာရုံနောက်မိသွားမှာပါ။

ဒါဆိုရင် သင့်ရဲ့ သူငယ်ချင်းတွေကို သင့်ရဲ့ ရည်းစားဟောင်းနဲ့ မပတ်သက်ကြဖို့ ပြောမှာလား။ ဒါမှမဟုတ် သူတို့က ဆက်ပြီး ပတ်သက်စေချင်တာလား။  ဒါမှမဟုတ် သင်နဲ့ သင့်သူငယ်ချင်းတွေရဲ့ နှစ်ပေါင်းများစွာ သံယောဇဉ်ကို အဆုံးသတ်မှာလား။

ဒီမေးခွန်းတွေအတွက် အကျည်းတန်လှတဲ့ အဖြေမှန်က ယာယီအားဖြင့်တော့ သူတို့ကို ဆက်ပြီး ပတ်သက်ခွင့်ပေးလိုက်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ သင်ဟာ အရွယ်ရောက်ပြီး သူတစ်ယောက်ဖြစ်နေပြီလေ။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေဟာ နောက်ဆုံးမှာတော့ သင့်ကိုပဲ ရွေးချယ်ကြမှာပါ။ သူတို့ဟာ သင့်ရည်းစားဟောင်းကိုလည်း သင့်ကြောင့် သံယောဇဉ်ဖြစ်ခဲ့ကြတာပါ။ သင်ဒါတွေကို အဆုံးသတ်တဲ့အချိန်မှာ သူတို့အတွက်လည်း အဆုံးသတ်ဖို့ တွန်းအားပေးပြီးသား ဖြစ်သွားမှာပါ။

အဲဒီတော့ ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ရည်းစားဟောင်း နဲ့ ပတ်သက်နေဆဲ အချိန်မျိုးမှာ BFF တွေကိုလည်း မဆုံးရှုံးရပဲ ရင်ဆိုင်ရမယ့် နည်းလမ်းလေးတွေကတော့ -

၁ ။ သင်ဟာ ဒါကို ရင်ဆိုင်ဖို့အတွက် လုံလောက်စွာ ရင့်ကျက်နေပါပြီ
ရင့်ကျယ်တယ် အရွယ်ရောက်တယ်ဆိုတာဟာ အဓိပ္ပာယ်မရှိတဲ့ ငြင်းခုံမျိုးတွေအတွက် အချိန်မရှိတော့တာကို ဆိုလိုတာပါ။ အရှိကို အရှိအတိုင်း လက်ခံနိုင်စေမယ့်အချက်ကတော့ သူတို့တွေ သူငယ်ချင်းဆက် ဖြစ်နေနိုင်ဖို့ကို သင် ပဲစတင် ဖန်တီးပေးခဲ့တာပါ။

၂ ။ အတိုင်းအတာ တစ်ခုတော့ သတ်မှတ်ထားလိုက်ပါ
အချစ်ရေးတစ်ခု အဆုံးသတ်ပြီးတဲ့နောက်မှာ ဒဏ်ရာတွေကတော့ လတ်ဆတ်နေတုန်းပါ။ အဲဒီအချိန်မှာ သင်ဟာ သင့်သူငယ်ချင်းတွေနဲ့ သင့်ရည်းစားဟောင်းတို့ အတူရိုက်ထားတဲ့ ဓါတ်ပုံကို Instagram မှာတွေ့လိုက်ရပြီ ဆိုရင်တော့ သင့်အနေနဲ့ ဒါကို အဆင်ပြေပါတယ် ဆိုတာ သင့်သူငယ်ချင်းတွေ သိပါစေ။

၃ ။ သင့်သူငယ်ချင်းတွေနဲ့လည်း သင့်ရည်းစားဟောင်း အကြောင်းကို ပြောနိုင်ပါစေ
သင့်ဘ၀ ကို မွှေနှောက် ဒုက္ခပေးသွားတဲ့ လူတစ်ယောက် အကြောင်းကို သင့် သူငယ်ချင်းတွေကို ရင်ဖွင့် ပြောပြချင်တာ သဘာဝပါပဲ။ သင့်အနေနဲ့ သူတို့ကို အရာရာတိုင်း မပြောပြနိုင်တာမျိုး မခံစားပါနဲ့။ အဲဒီစကားတွေကို သူတို့က သင့်ရည်းစားဟောင်းကို သွားပြန်ပြောမယ်ဆိုရင်တော့ သူတို့ဟာ သင့်သူငယ်ချင်း မဟုတ်တော့ဘူးလို့ သတ်မှတ်လိုက်ပါ။ သင့်ဘ၀အတွက် သူငယ်ချင်းကောင်းထဲမှာ သူတို့တွေ မပါပါဘူး။

၎ ။ အကယ်၍ ဆက်ပြီး သည်းမခံနိုင်တော့ရင်တော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်ပါ
သင့်သူငယ်ချင်းတွေနဲ့ သင့်ရည်းစားဟောင်းနဲ့ ခင်မင်နေကြသေးတာကို သင် မကြိုက်ရင်လည်း မကြိုက်ဘူးပဲ ပြောလိုက်သင့်ပါတယ်။ ဒါဟာလည်း ရင့်ကျက်တာပါပဲ။ သင်ခံစားရတဲ့အတိုင်း ဖွင့်ပြောပါ။ ဒါပေမယ့် သင့်ကိုယ်သင် သူငယ်ချင်းတွေ ဘက်က စိတ်မကောင်းဖြစ်မိတဲ့ အကြောင်းတွေကို ပြောပါ။ သူငယ်ချင်း သံယောဇဉ်ကိုတော့ ပေါ်လွင်ပါစေ။

သင့်ရည်းစားဟောင်းနဲ့ အချစ်ရေးကို အဆုံးသတ်လိုက်ခြင်းဟာ သင့်အတွက် ကမ္ဘာပျက်သလို ခဏလောက် ဖြစ်ကောင်းဖြစ်နိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် သင့်ရည်းစားဟောင်းနဲ့ သင့်သူငယ်ချင်းတွေရဲ့ ဆက်လက် ခင်မင်နေမှုကိုတော့ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ အပေါ်မှာ ဖော်ပြခဲ့တဲ့အတိုင်းပဲ ရင်ဆိုင်လိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top