iMyanmarHouse.com - Best Property Website for Myanmar
×

နည်းပညာရပ်တွေနဲ့တိုးတက်လွန်းတဲ့အခုလိုခေတ်ကြီးမှာ   အပြင်ထွက် အလုပ်လုပ်နေကြရတဲ့မိခင်တို့ရဲ့ရုန်းကန်ရမှုတွေက အခြားအမျိုးသမီးတို့ထက် ပိုမိုပင်ပန်းကြရပါတယ်။လုပ်ငန်းခွင်အတွင်း အချိန်ပြည့်အလုပ်လုပ်နေကြရတဲ့အခါ အလုပ်နဲ့မိသားစုကြား အာရုံစူးစိုက်ရမှုတွေက အလုပ်တစ်ဘက်နဲ့မိခင်တို့အတွက် တကယ့်စိန်ခေါ်မှုတွေဘဲဖြစ်ပါတယ်။ အလုပ်ထဲမှာလည်း အဆင်ပြေဖို့ကြိုးစားကြရသလို မိသားစုအတွက်လည်း ဟန်ချက်ညီညီ ဆောင်ရွက်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်မှုတွေ လုပ်ကြရပါတယ်။ အလုပ်နဲ့မိသားစုကြားညီမျတဲ့လုပ်ဆောင်မှုတစ်ခုဖြစ်စေဖို့ဘယ်လို ကြိုးပမ်းဆောင်ရွက်မှုက အကျိုးသက်ရောက်မှုဖြစ်စေမလဲ။

ကလေးအတွက်စိတ်ချရတဲ့စောင့်ရှောက်မှုကိုပြင်ဆင်ရခြင်း
အများအားဖြင့် ကလေးရှိတဲ့မိခင်တွေဟာ လုပ်ငန်းခွင်အတွင်းမှာ စိတ်အေးလက်အေး လုပ်နိုင်ဖို့အိမ်မှာ ကလေးကိုစိတ်ချရစေဖို့ပြင်ဆင်ကြရပါတယ်။ ကလေးကို စိတ်ချရတဲ့အဘွား၊အန်တီ ၊ဒေါ်လေး၊ ဒါမှမဟုတ် ကလေးထိန်းတို့နဲ့ထားခဲ့ပြီးမှ စိတ်ချလက်ချ အလုပ်ကိုသွားနိုင်ကြပါတယ်။ကလေးအတွက် စိတ်အေးရအောင် စီစဉ်ဆောင်ရွက်နိုင်မှုဟာ လုပ်ငန်းခွင်အတွင်းမှာ မိမိရဲ့အလုပ်ကို ပိုမိုအာရုံစိုက်နိုင်စေဖို့ ဘဲဖြစ်ပါတယ်။ ကလေးအတွက် စီစဉ်ဆောင်ရွက်နိုင်မှု အားနည်းတဲ့အခါ ဒီအကျိုးသက်ရောက်မှုတွေက လုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေတဲ့မိခင်ဆီကို တိုက်ရိုက်သက်ရောက်စေခြင်းပင်ဖြစ်ပါတယ်။ ကလေး ကလည်း အရေးကြီးသလို အလုပ်ကလည်း အရေးကြီးနေပြန်ရာ ဒီအရာနှစ်ခုကို လစ်ဟာမှုမရှိဘဲ မျတအောင် ဆောင်ရွက်နိုင်ဖို့က မိခင်တစ်ယောက်အတွက် တကယ့်အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

 အလုပ်ရှင်အားပွင့်လင်းစွာတင်ပြရခြင်း
မိခင်တို့အနေနဲ့ မိမိ ဟာ ကလေး တစ်ဘက် နဲ့အလုပ်ဆင်းနေရတဲ့မိခင်ဖြစ်ကြောင်း အလုပ်ရှင် ကို ပွင့်လင်းစွာ တင်ပြထားဖို့လိုပါတယ်။ဒါဟာ အလုပ်နဲ့ မိသားစုကြား ညီမျအောင် လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းရာမှာ များစွာ အထောက်အကူပြု နိုင်တာကြောင့်ဖြစ်ပါတယ်။လုပ်ငန်းရှင်အနေနဲ့လည်း တစ်စုံတစ်ခု အကြောင်းကိစ္စ အတွက် မိခင်တစ်ယောက်အပေါ် စဉ်းစားပေးနိုင်တဲ့အချက်တွေရှိနိုင်တာကြောင့်လည်းဖြစ်ပါတယ်။

ကလေးငယ်နဲ့နေ့စဉ်ထိတွေ့မှုကိုရယူခြင်း
နေ့လည်ထမင်းစားချိန်ဟာ အများအားဖြင့် ဝန်ထမ်းတွေအတွက် လွတ်လပ်ပေါ့ပါးတဲ့အချိန်ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ အခြားကိစ္စတွေထက် မိမိရဲ့ကလေးငယ်လေးကို ဖုန်းပြောခြင်း၊ စကားပြောခြင်းဖြင့် မေမေ ဟာ သားသား၊မီးမီးတို့အပေါ် ဂရုစိုက်ကြောင်း၊ ချစ်ကြောင်း အသံလေးနဲ့ဖြစ်ဖြစ် ထိတွေ့မှုပေးထားခြင်းဟာ မိခင် နဲ့ကလေးကြား အနေမဝေးစေဘဲ နီးစပ်တဲ့ထိတွေ့မှုတစ်ခုကို တည်ဆောက်ထားရာရောက်စေပါတယ်။ ကျောင်းနေအရွယ်ရောက်နေတဲ့ကလေးငယ်ဆိုရင်လည်း ကျောင်းလိုက်ပို့ပေးနိုင်အောင် ကြိုးပမ်းခြင်း၊ ဒါမှမဟုတ် ကျောင်းသွားဖို့ပြင်ဆင်ပေးခဲ့ခြင်းဟာ ကလေးတို့အနေနဲ့ မိခင်ရဲ့ထိတွေ့မှုကို အသိအမှတ်ပြုပေးနေမှာဖြစ်ပါတယ်။

မိသားစုအတွက် အချိန်ရအောင်ယူခြင်း
အိမ်မှာ မိသားစုဝင်တွေက မိမိရဲ့အားလပ်ချိန်လေးကို စောင့်မျော်နေကြမယ်ဆိုတာ အာရုံထဲအမြဲထည့်ထားပြီး မိသားစုအတွက် အချိန်တစ်ခုရအောင်ဘယ်လို ဆောင်ရွက်ရမလဲဆိုတာကလည်း အရေးကြီးပါတယ်။မိသားစုအတွက်  နွေးထွေးတဲ့အချိန်တစ်ခုကို ရအောင်တည်ဆောက်ထားခြင်းဖြင့် မိမိရဲ့ခင်ပွန်း နဲ့ကလေးတို့ကြားမှာ အင်အားပြည့်ဝတဲ့ဆက်ဆံရေးတစ်ခုကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။

ကျန်းမာရေးကို အထူးဂရုစိုက်ရခြင်း

အလုပ်တစ်ဘက် နဲ့မိခင်တွေအတွက် မိမိရဲ့ကျန်းမာရေးကို အထူးဂရုစိုက်မှုဟာလည်း အရေးကြီးပါတယ်။ ကျန်းမာရေးကောင်းပါမှ အလုပ်အတွက်ရော၊မိသားစုအတွက်ရော ခွန်အားအပြည့်နဲ့လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ကျန်းမာရေးချို့တဲ့မှုဟာ မိမိအတွက် ထိခိုက်မှုများစွာကို ဖြစ်စေတာကြောင့် အထူးဂရုစိုက်နိုင်မှ အဆင်ပြေစေမှာဖြစ်ပါတယ်။

 စာရင်းလေးပြုစုပြီး လုပ်ဆောင်ရခြင်း
အလုပ်အတွက်ရော၊မိသားစုအတွက်ရော ညီမျတဲ့အဆင်ပြေမှုတစ်ခုရအောင် ကြိုးစားနေရတဲ့ မိခင်တစ်ယောက်အနေနဲ့ လုပ်စရာတွေက များလှပါတယ်။ ဒါကြောင့် ကိစ္စတိုင်းကို ထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ အရေးကြီးတာ၊ အရေးမကြီးတာ ခွဲထုတ်လုပ်ဆောင်နိုင် ဖို့စာရင်းလေးပြုစုပြီး လုပ်ဆောင်မှုက များစွာ အထောက်ကူပြုစေနိုင်ပါတယ်။ဥပမာ- ကလေးနဲ့အတူ ရှိနေရတဲ့အချိန်တွေမှာ အခြားကိစ္စလုပ်ဆောင်ခြင်း တို့ကိုရှောင်ကြဉ်သင့်ပြီးကလေး အိပ်မှ လုပ်ဆောင်ခြင်းဖြင့် ထိရောက်တဲ့ဆောင်ရွက်မှုတစ်ခုကိုရရှိစေနိုင်ပါတယ်။ မိတ်ဆွေတွေနဲ့ဖုန်းပြောစရာရှိပေမယ့် ကလေးအိပ်တဲ့အချိန်မှ ဖုန်းပြောခြင်း ၊ အခြားလုပ်စရာလေးတွေကို လုပ်ဆောင်ခြင်းဖြင့် ကလေးတို့အနေနဲ့ မေမေတို့အပေါ်ယုံကြည်မှုအပြည့်ရှိစေမှာဖြစ်ပါတယ်။

Credit : Yangon Life Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top