iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ချစ်သူရဲ့အသံက သင်သိချင်နေတဲ့ မေးခွန်းကို အဖြေပေးသွားနိုင်ပါတယ်။ အတွဲတိုင်းမှာ အနည်းနဲ့အများတော့ မကောင်းတတ်လို့ လိမ်ညာဖူးသူတွေချည်းပါပဲ။ ဒါပေမယ့် လိမ်လိုက်တဲ့အရာက ကြီးကြီးမားမားကိစ္စရပ်တွေ ဖြစ်နေရင်တော့ သင်တို့နှစ်ဦးစလုံးအတွက် အခြေအနေတစ်ခု ပြောင်းလဲသွားနိုင်ပါတယ်။ ဒီ့ထက်ဆိုးတာက လိမ်ညာမိတာကို မ၀န်ခံပဲ ငြင်းလိုက်မယ်ဆိုရင် ဒီလူကို ဆက်ယုံကြည်ပေးဖို့ ခက်ခဲသွားနိုင်ပါတယ်။

လေ့လာမှုတစ်ရပ်ကတော့ လိမ်ညာပြီဆိုရင် ယောင်္ကျား၊ မိန်းမတွေရဲ့ အသံဟာ ဘယ်လိုရှိတယ်ဆိုတာမျိုး ဖော်ထုတ်လိုက်ပါတယ်။ ဒီလိုသိနိုင်တယ်ဆိုတာက အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဟော်မုန်းအဆင့်ကိုလည်း မူတည်ပြီး ပြောဆိုခြင်းဖြစ်ပါတယ်။ သုတေသနပညာရှင်တွေက ကောလိပ်ကျောင်းသား၊ ကျောင်းသူ အယောက်၁၂၀ကို မေးမြန်းထားတာဖြစ်ပြီး သူတို့ရဲ့ အမျိုးမျိုးသော အသံတွေကိုလည်း စစ်ဆေးခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ ခုလို ပါဝင်သူတွေက ဘယ်လိုအသံမျိုးဟာ ဆွဲဆောင်မှုရှိပြီး ဘယ်လိုအသံမျိုးပိုင်ဆိုင်တဲ့ လူတွေက လိမ်ညာတတ်သူတွေ ဖြစ်မလဲဆိုတာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအဖြေထွက်ရှိလာတဲ့နောက်မှာ အသံကိုနားထောင်ပြီး သူတို့သစ္စာရှိမရှိ ဘယ်လိုဆုံးဖြတ်မှာလဲ မဖြစ်နိုင်ဘူးလို့လည်း ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါကို သုသေနပညာရှင်တွေက သူတို့ရဲ့လိင်စိတ်ဟော်မုန်းတွေနဲ့ ဆက်စပ်ပြီး ဖော်ထုတ်ထားတာပါ။ ယောင်္ကျာလေးတစ်ယောက်မှာ သူ့ရဲ့လိင်အင်္ဂါမှထွက်တဲ့ ဟော်မုန်းပိုများလေလေ သူတို့အသံက ပိုတိုးသွားလေလေဖြစ်ပြီး အမျိုးသမီးတွေမှာလည်း ထို့အတူ ဟော်မုန်းဓာတ်ပိုထွက်လေလေ သူတို့အသံက ပိုကျယ်လေလေ ဖြစ်တာကြောင့် အဲ့လို လိင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းများတဲ့သူတွေဟာ လိမ်ညာတတ်သူတွေ ဖြစ်ကြလေ့ရှိပါတယ်။

ဒါပေမယ့် ဒီအဖြေကို တထစ်ချ ဒါဆို ဒီလိုဖြစ်မှာပဲလို့တော့ မတွက်လိုက်ပါနဲ့။ ဒါဟာ အများစုနဲ့ဖြစ်နိုင်ခြေကိုသာ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top