ဟင်းသီးဟင်းရွက်များအား အခွံခွာ မပစ်သင့်
သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အများစုရဲ့ အပေါ်ယံ အခွံတွေဟာ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်ဖြင့် ပြည့်ဝနေကြပါတယ်။ အခွံကို ခွာပစ်လိုက်တဲ့အခါမှာ ယင်းဓာတ်တွေကို သင်ဆုံးရှုံးသွားပါတယ်။ ဒါပေမယ့် မုန်လာဥဝါ၊ မုန်လာဥနီနဲ့ ရွက်စားမုန်လာဥတွေကို ကိုယ့်လက်ထဲရောက်ပြီဆိုရင် အခွံခွာဖို့ပဲ ကျွန်ုပ်တို့ အတွေးရှိကြတယ်။
ပိုးသတ်ဆေးကြောင့် စိတ်မသန့်ဖြစ်နေပါက အခွံခွာထုတ်တာဟာ အလွယ်ဆုံး ဖယ်ရှားနည်းတော့ဟုတ်ပါတယ်။ သို့ပေမယ့် အပေါ်ယံသာဖြစ်ပါတယ်။ အဲဒါကို ဂရုမစိုက်ဘူးဆိုရင်လည်း အခွံကို ထားမထား စိတ်ဆုံးဖြတ်သင့်တယ်။ဟင်းသီးဟင်းရွက်များကို အခွံဖြင့်ပါရောချက်တာ မခွံမပါချက်တာထက် ချက်ပြုတ်နည်းတချို့ရှိပါတယ်။
အခွံဖြင့်ထားနိုင်တဲ့ အချိန်မျိုးဟာ မီးကင်/ဖုတ်တာ၊ ကြိတ်နယ်ထားတာ နောက်ပြီး အစိမ်းလိုက် ခုတ်ပိုင်းရတဲ့ အရာမျိုးတွေမှာ ဖြစ်ပါတယ်။ ဓားနဲ့ အခွံနွာကိရိယာ သုံးသင့်တဲ့ အခြေအနေမျိုးတွေက ပေါင်းပြီးချက်ပြုတ်ရတာတွေ ဥပမာ အာလူး၊ အခွံထူသော ဟင်းသီးဟင်းရွက်များ အစိမ်းပြင်ဆင်ခြင်း စတာတွေဖြစ်ပါတယ်။
မုန်လာဥနီကဲ့သို့ အချို့ဟင်းသီးဟင်းရွက်တွေမှာ ခါးသက်သက် အရသာရှိသော အခွံရှိကြပါတယ်။ အချဉ်ဓာတ်နဲ့ အချိုဓာတ်ကို ခံသာအောင် ပြင်ဆင်နိုင်ပါတယ်။ အခွံခွာထွက်ဖို့ မလိုအပ်တဲ့ ဟင်းသီးဟင်းရွက် အများအပြား ရှိနေချိန်မှာ အမျှင်ဓာတ်များတဲ့ သို့မဟုတ် မာတောင့်တဲ့ အရေခွံနဲ့အသီးမျိုးကို အခွံ အမြဲခွာပစ်သင့်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...