iMyanmarHouse.com - Best Property Website for Myanmar
×

မိန်းမတို့၏ အလှဖြင့် ယောက်ျားများကို ထောင်ဖမ်းနိုင်သည်
ထို့ကြောင့်အလှသည် ကျော့ကွင်း ဖြစ်ပေသည်။။။

ချိုမြသော စကားလုံးများသည် ယောကျာ်းတို့၏ ဂျစ်တူးဆိုးပေခြင်းကို အရည်ပျော်စေသည်
ထို့ကြောင့် မိန်းမစိတ် ရှိသူတိုင်း တီတီတာတာ ပြောတတ်လေသည်။။။

မျက်နှာပေါ်က မိတ်ကပ်အချို့သည် သူ၏ မာယာ ဖြစ်သည်
ထို့ကြောင့် “လှတာမက်ရင် ညစာခက်၏” ဟု အဆိုရှိပေသည်။။။

ပျော့ပျောင်းသေးသွယ်ကာ သန့်ထားသော သူတို့၏ လက်ချောင်းလေးများသည်
မယုံမရှိနဲ့ ယောက်ျားများ ဘဝကို အသေသတ်နိုင်သည်။။။

အကောင်းတွေထဲက အကောင်းမှ၊ အလှတွေထဲက အလှဆုံးမှ လိုချင်တပ်မက်သူ များတဲ့ ခေတ်ကြီးထဲမှာ အမျိုးသမီးများ လှသထက်လှချင်ကြတာ အပြစ်မဟုတ်ပါဘူး။ သို့သော် မိန်းကလေးတွေ အနေနဲ့ အမြဲတမ်းလှနေချင်တယ်. ချစ်နေစေချင်တယ်ဆိုရင် သင်ရဲ့အလှဟာ

(၁) ကြည့်လေကြည့်လေ တစ်ဖက်လူရင်ကို အေးမြစေ ဖြစ်ရမယ်.. (မပူလောင်စေရန် မိတ်ကပ်ကို အထူးလိမ်းတတ်တဲ့ အကျင့်ကို ရှောင်ပါ)

(၂) နားဝင်ချိုတဲ့ စကားလုံးမျိုး ရွေးပြောနိုင်ရမယ်.. (အရမ်းချွဲပြီးမပြောမိပါစေနဲ့)

(၃) လှပတဲ့ မိန်းကလေးများဟာ အချစ်စစ် တွေရှိနိုင်ဖို့ ကံအားနည်းပါးပါတယ်.. ဒါကြောင့် အချစ်ကို မယုံနိုင်ဘဲ အလှကြိုက်ပြီး ချည်းကပ်သူတို့ကို သတ်မိသလို ဖြစ်စေပါတယ်..

သင့်ကို လူကြိုက်များနေခဲ့ရင် “ချစ်ပါတယ်”ဆိုတဲ့ အသုံးအနှုန်းကို သင်နှစ်သက်သူ တစ်ဦးကိုသာ ရွေးချယ်ပြီးမှပြောပါ ဒီလို သစ္စာရှိတဲ့ မိန်းမလှက နာမည်ပျက်စရာမလိုဘဲ ဖူးစာရှင်ကောင်း ရနိုင်ပါတယ်..

မိန်းမ တစ်ယောက်က ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှတရားကို အပေါစားဆန်ဆန် ထုတ်သုံးမိရင် ဘဝပျက်တတ်ပါတယ်.. ယောက်ျားကောင်းတို့သည် မိန်းမကောင်းကိုသာ အိမ်သူသက်ထား ရွေးချယ်ကြတာမို့ လှနိုင်လွန်းတဲ့ ညီမလေးတွေနဲ့ အမျိုးသမီးလေးတွေကို မိမိကိုယ်ကို တန်ဖိုးရှိရှိနေစေဖို့ ရည်ရွယ်ပြီး ဒီပိုစ့်လေးကို တင်ပြလိုက်ပါတယ်..

Credit  : Yangonlife

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top