iMyanmarHouse.com - Best Property Website for Myanmar
×











 ကိုယ့်ရဲ့ဘော့စ်ကိုကြောက်နေရတာကြောင့် သူသဘောကျအောင် သင် အလုပ်တွေ ပိုကြိုးစားလုပ်ဖြစ် မယ်လို့ ထင်ပါသလား။ ဒါဆိုရင်တော့ မှားနေပါပြီ။ အလုပ်ခွင်မှာ အကြောက်တရား လွှမ်းမိုးနေတာဟာ တကယ်တမ်းတော့ လုပ်ငန်းစွမ်းအားကို ပိုကျဆင်းစေနိုင်ပါတယ်။

ရာထူးအဆင့်ဆင့်တွေ များပြားပြီး တင်းကျပ်တဲ့ ကုမ္ပဏီ၊ဌာနတွေမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတွေဟာ တာဝန်ဝတ္တရားအမျိုးမျိုးနဲ့ ရှုပ်ထွေးပြီး အရာမရောက်တဲ့ ဗျူရိုကရေစီစနစ်ကို ကိုင်တွယ်ဖြေရှင်းနေ ရတာနဲ့ အချိန်တွေ ပိုကုန်ဆုံးသွားလေ့ရှိပြီး အလုပ် မတွင်ကျယ်ဘူးလို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံ၊ အစိုးရ အသိအမှတ်ပြုစီမံအုပ်ချုပ်ရေးသင်တန်းကျောင်း က ပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ ရာထူးအဆင့်ဆင့်များပြားတဲ့သမားရိုးကျကုမ္ပဏီတွေနဲ့ ဝန်ထမ်းတွေကိုယ်တိုင်အစုစပ်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။ တွေ့ ရှိချက်အရ သူတို့ အလုပ်လုပ်တဲ့ ကုမ္ပဏီမှာ ရှယ်ယာပြန်ပိုင်ဆိုင်ထားတဲ့ဝန်ထမ်းတွေဟာ ညီတူညီမျှရှိမှု၊ယုံကြည်ချက်ရှိမှု၊ ၊နှိမ့်ချမှု နဲ့ အလုပ်ခွင်မှာ ရဲရင့်မှုစတဲ့ စံတန်ဖိုးတွေကို ကုမ္ပဏီမှာ ပြန်ကျင့်သုံးကြကြောင်း တွေ့ ရပါတယ်။ ဒီ့အပြင် ၀န်ထမ်းဆယ်ယောက်မှာ ကိုးယောက်ဟာ သူတို့ ကုမ္ပဏီ ရဲ့ စီမံခန့် ခွဲမှုဟာ သမားရိုးကျစနစ်သုံးတဲ့ကုမ္ပဏီတွေထက်  ဒီမိုကရေစီဆန်ပြီး အမြော်အမြင်ကောင်းတဲ့ စီမံခန့် ခွဲမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တင်းကျပ်ပြီး အဆင့်ဆင့်များလွန်းတဲ့ ကုမ္ပဏီတွေမှာ လုပ်တဲ့ဝန်ထမ်းတွေကတော့ သူတို့ ရဲ့ မန်နေဂျာတွေဟာ အာဏာပြ၊ ထိန်းချုပ်လွန်း ၊နိုင်ထက်စီးနင်းပြုမူတတ်ကြောင်း ဖော်ထုတ်ပြောခဲ့ပါတယ်။ဘော့စ်တွေအနေနဲ့ လည်း အလုပ်သမား၊၀န်ထမ်းတွေကို ညီတူညီမျှ ဆက်ဆံ၊မြင်တတ်ပါက ကော်ပိုရေးရှင်း စည်းမျဉ်းဟောင်းကြီးတွေကိုမျက်ကန်းလိုက်နာပြီး ချမှတ်တဲ့ စီးပွားရေးဆိုင်ရာတစွတ်ထိုးဆုံးဖြတ်ချက်အမှားတွေကို မလုပ်မိတတ်ကြကြောင်း လေ့လာသူပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

အဆိုပါသုတေသနအစီရင်ခံစာမှာ ၀န်ထမ်းတွေဟာ ဗျူရိုကရေစီနဲ့ အကြောက်တရား လွှမ်းနေတဲ့ အလုပ်မှာ အလုပ်လုပ်ရတဲ့အခါ၊ အလုပ်ရှင်ပဲ နစ်နာရပြီး၊ ကုမ္ပဏီဝင်ငွေနဲ့ အကျိုးအမြတ်လည်း နည်းပါးကာ ဆုံးရှုံးနစ်နာမှုတွေ ပိုများတယ်လို့ ရေးသားထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top