iMyanmarHouse.com - Best Property Website for Myanmar
×









တစ်ခါက မျက်စိ မမြင်သော အမျိုးသမီး တစ်ယောက် ရှိတယ်။ သူမဟာ မျက်စိ မမြင်တဲ့ သူမကို သူမ မုန်းမိနေတယ်။ နောက်ပြီး အခြားသူတွေကိုရော မုန်းတယ်။ သို့သော် သူမ၏ ချစ်သူကိုတော့ မမုန်းရှာဘူး။ သူမသာ မျက်စိ ပြန်မြင်ခဲ့မယ်ဆိုရင် သူမ၏ ချစ်သူနဲ့ လက်ထပ်မယ်လို့လည်း ပြောတယ်။

တစ်နေ့တော့ အမည်မသိတော့ တစ်စုံတစ်ယောက်က သူမကို မျက်စိ လှူဒါန်းခဲ့တယ်။ သူမဟာ သူမ ချစ်သူ အပါအဝင် အားလုံးသော သူတွေကို ပြန်လည် မြင်နိုင် ခဲ့ပါတယ်။ မင်းအခု မျက်စိ ပြန်မြင်ပြီဆိုတော့ ဒို့တွေ လက်ထပ်ကြ ရအောင်လို့ မေးလိုက်တယ်။

သူမဟာ လက်ထပ်ဖို့ကို ငြင်းဆန်တယ်။ ဘာလို့ဆိုတော့ ကောင်လေးဟာ မျက်မမြင် တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒါနဲ့ ကောင်လေးဟာ မျက်ရည်တွေ ကျပြီး အဝေးကို ထွက်ခွာလို့ သွားပါတော့တယ်။ ကောင်လေးဟာ ကောင်မလေးဆီကို စာတစ်စောင် ပေးခဲ့တယ်။

"မင်းရဲ့ မျက်လုံးတွေကို ဂရုစိုက်ပါ"

ဘဝမှာ -
မင်းအနေနဲ့ ကြမ်းတမ်းနဲ့ စကားလုံးတွေကို မပြောခင်မှာ - တစ်စုံတစ်ယောက်ဟာ စကား မပြောနိုင်ဘူး ဆိုတာကို မမေ့ပါနဲ့။
မင်းအနေနဲ့ အစားအသောက်တွေကို အရသာခံပြီး မစားသောက် ခင်မှာ - တစ်စုံတစ်ယောက်ဟာ ငတ်မွန်နေတယ် ဆိုတာကို မမေ့ပါနဲ့။
မင်းအနေနဲ့ မိမိ၏ လင်ယောင်္ကျား (သို့) မိန်းမ မကောင်းဘူးလို့ တွေးနေချိန်မှာ - တစ်စုံတစ်ယောက်ဟာ အဖော် ကင်းမဲ့စွာနဲ့ ပြန်လာဖို့ ငိုကြွေးကာ တောင်းဆိုနေတယ် ဆိုတာကို မမေ့ပါနဲ့။
မင်းအနေနဲ့ မင်းရဲ့ အလုပ်မှာ ပင်ပန်းလိုက်တာလို့ တွေးနေချိန်မှာ - တစ်စုံတစ်ယောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေတာကို မမေ့ပါနဲ့။
မင်းအနေနဲ့ ဝေးကွာလှသော ခရီးကို ကားဖြစ်မောင်းနှင် သွားလာချိန်မှာ - တစ်စုံတစ်ယောက်ဟာ ကိုယ်ခြေထောက်ကို ကိုယ်သုံးပြီး သွားလာနေတယ်ဆိုတာကို မမေ့ပါနဲ့။

ဘဝမှာ ခုလို အသက်ရှင်နေရတာကိုပဲ ကျေးဇူးတင်ပါ။ လက်ရှိ ဘဝကို ပျော်အောင်လုပ်ပါ။

Credit : yoyarlay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top