iMyanmarHouse.com - Best Property Website for Myanmar
×











GYM ပဲသွားသွား၊ အိမ်နားမှာပဲ လေ့ကျင့်ခန်းလုပ်လုပ်၊ သူငယ်ချင်းတွေနဲ့ပဲ ထပြေးပြေး ဘယ်လိုလေ့ကျင့်ခန်းအတွက်မဆို ရှိထားသင့်တဲ့ အရာလေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ဒူးအတိဘောင်းဘီတိုများ
ခြေမျက်စိအထိရှည်တဲ့ legging တွေထက်စာရင် ဒူးလောက်ထိသာရှိတဲ့ fitted capris ဘောင်းဘီတွေက လေ့ကျင့်ခန်းလုပ်ဖို့ ပိုအဆင်ပြေတာမို့ တစ်စုံထက် ပိုပြီး ၀ယ်ထားသင့်ပါတယ်။

၂။လေ့ကျင့်ခန်းအတွက် သီးသန့်ဘရာစီယာ
ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းက ပြေးတာမျိုး၊ ခုန်တာမျိုးတွေ ပါတယ်ဆိုရင်တော့ အောက်ခံဝတ်မယ့် ဘရာကို သေချာရွေးချယ်ဖို့ လိုပါလိမ့်မယ်။ Sport bra အမိုက်စားတွေကို မဖြစ်မနေသွားရွေးထားလိုက်ပါ။

၃။လေ့ကျင့်ခန်းစီး ဖိနပ်၊ sneaker
လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ကို သက်သောင့်သက်သာ ဖြစ်စေတဲ့ ဖိနပ်မျိုးတွေကို ရွေးချယ်စီးရမှာပါ။ လှတာထက် စီးလိုက်တာနဲ့ သက်သောင့်သက်သာရှိစေတဲ့ sneaker တွေ ရွေးသင့်ပါတယ်။

၅။သင့်တော်တဲ့ အင်္ကျီ
လွယ်လွယ်ကူကူ စွတ်လို့ချွတ်လို့ရတဲ့ စွတ်ကျယ်လိုမျိုးဟာတွေ၊ အင်္ကျံမျိုးတွေ ရှာဝယ်ထားပါ။

၆။ဂျက်ကက်များ
နောက်ထပ် ရှိထားသင့်တဲ့အရာတွေထဲမှာ ဇစ်တပ်လို့ရတဲ့ ဂျက်ကတ်မျိုးတွေလည်း ပါဝင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန် ချွတ်ထားနိုင်ပြီး လုပ်ပြီးတဲ့အချိန် ကောက်ဝတ်လိုက်လို့ရတဲ့ ဂျက်ကတ်မျိုးပါ။

၇။ဘောင်းဘီတိုများ
ဘောင်းဘီတိုတွေကတော့ ရာသီဥတု ပူလာချိန်ဆို လိုကိုလိုအပ်တာမျိုးပါ။ ရှာဝယ်ထားသင့်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top