iMyanmarHouse.com - Best Property Website for Myanmar
×

Selena Gomez လို့ပြောလိုက်တာနဲ့ သူမရဲ့ အချစ်ရေးကို အားလုံးသိနေကြပါတယ်။ သူမ နဲ့ လူငယ်အဆိုတော် Justin Bieber တို့ရဲ့ ရိုလာကိုစတာ အချစ်ရေး က စလို့ DJ Zedd နဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ ကောလာဟလ တွေအပါအ၀င် Selena ဟာ အားလုံးကို ကြံကြံခံနေခဲ့ပါတယ်။

ဒါပေမယ့်လည်း သူမ အနေနဲ့ မော်ဒယ်လ် ကောင်မလေး Cara Delevinge နဲ့ လျှို့ဝှက်စွာ မိန်းကလေး ချင်း ချစ်ကြိုက်နေတယ်ဆိုတဲ့ ကောလာဟလ အပေါ်မှာတော့ သူမဟာ စိတ်ဆိုးခဲ့ချင်းမရှိပါဘူး။

ဒီ ကောလာဟလ တွေဟာ မနှစ်ကတည်းက ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီလို ထွက်ပေါ်လာရခြင်းအကြောင်းအရင်းကတော့ Selena နဲ့ Cara Delevinge တို့ အားလပ်ရက်မှာ အတူ ရေချိုးနေတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာလို့ပဲ ဖြစ်ပါတယ်။ ထို သတင်းတွေကို သပုပ်လေလွင့်ပြောနေကြသူတွေနဲ့ ပတ်သက်ပြီးတော့လည်း Selena က "ရိုးသားစွာပြောရမယ်ဆိုရင် ၊ ကျွန်မ အဲဒါကို သဘောကျပါတယ်။ စိတ်မဆိုးပါဘူး။ အထူးသဖြင့် ကျွန်မ ဘ၀မှာ တစ်ကြိမ်တစ်ခါ ပြီးပြည့်စုံခဲ့တဲ့ လူတွေအကြောင်းကို ပြောနေတာမဟုတ်ပါဘူး။ Cara ဟာ အရမ်းကို ပွင့်လင်းပါတယ်။ သူမကြောင့် ကျွန်မလည်း ပွင့်လင်းလာတာပါ" လို့ ဆိုပါတယ်။

အသက် ၂၃ နှစ်ရှိနေပြီဖြစ်တဲ့ Selena ကတော့ သူမရဲ့ စိတ်ဝင်စားတဲ့လိင် ကို စိန်ခေါ်ရတာ ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့ ထင်နေပါတယ်။ သူမဟာ ဆန့်ကျင်ဘက် လိင်ကို စိတ်ဝင်စားသူလား ၊ လိင်တူ စိတ်ဝင်စားသူလားဆိုတာကို မေးတဲ့အခါမှာတော့ သူမက "အို၊ ကျွန်မထင်တယ် ၊ ဒါလူတိုင်းမှာရှိမှာပဲ ၊ သူတို့ဘယ်သူလည်းဆိုတာ။ သင်ဘယ်သူကို စိတ်ဝင်စားတယ်ဆိုတဲ့ ရှုထောင့်ကို ရတာဟာ ကျန်းမာရေးအတွကကောင်းတယ်လို့ ကျွန်မထင်တယ် ၊ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ပါ။ ကိုယ့်ကိုကိုယ် စိန်ခေါ်ပါ။ အဲဒါက ပိုအရေးကြီးပါတယ်" လို့ ဆိုပြန်ပါတယ်။

မကြာသေးမီကပဲ Good For You သီချင်းရဲ့ အဆိုတော် Selena Gomez ဟာ သူမအနေနဲ့ Justin Bieber နဲ့ လမ်းခွဲစဉ်က အာရုံနောက်ခဲ့ရတဲ့အကြောင်းတွေကို ထုတ်ဖော်ပြောပြခဲ့ပါသေးတယ်။

Credit : ThitHtooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top