iMyanmarHouse.com - Best Property Website for Myanmar
×

Selena Gomez နဲ့ Justin Bieber တို့ဟာ သူတို့ရဲ့ အချစ်ဇာတ်လမ်းအဆုံးသတ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ပိတ်ရက်က အတူတကွ သီဆိုထားတဲ့ သီချင်းသစ်တစ်ပုဒ် ထွက်ရှိလာခဲ့ပါတယ်

၂၃ နှစ်အရွယ် Gomez နဲ့ ၂၁ နှစ်ရှိပြီဖြစ်တဲ့ Bieber တို့ဟာ ၂၀၁၀ ကနေ ၂၀၁၄ အထိ လက်တွဲခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ ပူးပေါင်းသီဆိုထားတဲ့ “Strong” တေးသီချင်းကို တနင်္ဂနွေနေ့က Drake ရဲ့ OVO Sound ရေဒီယိုကနေ ထုတ်လွှင့်ခဲ့တာဖြစ်တယ်လို့ New York Daily News အဆိုအရ သိရပါတယ်။

Biber ရဲ့ သီချင်းစာပိုဒ်ထဲမှာ “မင်းတစ်ယောက်ထဲကိုပဲ ကိုယ်တကယ်လွမ်းနေခဲ့တာပါ၊ မင်း ကိုယ့်ကို ပေးခဲ့တဲ့အချစ်တွေကြောင့် မင်းကလွဲပြီး ဘယ်သူကမှ ခွင့်လွှတ်မှာမဟုတ်ဘူး” လို့ သီဆိုထားပါတယ်။

“ဒီလို အကြာကြီးရှိနေပြီမို့ ကိုယ် ဒီထက်ပိုကောင်းလာဖို့ကို ဆုတောင်းနေခဲ့တာပါ၊ ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း မပြောင်းလဲနိုင်ခဲ့ဘူး” လို့ Gomez က တုံ့ပြန်သီဆိုထားတာကို တွေ့ရပါတယ်။

Credit:ThitHtooLwin 

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top