iMyanmarHouse.com - Best Property Website for Myanmar
×









Kim Kardashian အကြောင်း သင်အကုန်သိနေပြီလို့ ထင်နေနိုင်ပါတယ်။ ဒါပေမယ့်  နာမည်ကြီး အမျိုးအနွယ်က ဆင်းသက်လာတဲ့ လူတစ်ယောက်ကို အသက် ၁၄ နှစ်နဲ့ သူမရဲ့အပျိုစင်ဘ၀ ပေးဆပ်ခဲ့တာကိုရော သိရဲ့လား။

နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အတ္တုပ္ပတ္ထိရေးသူ စာရေးဆရာ Sean Smith ရဲ့ စာအုပ်အသစ် ‘Kim’ မှာ Kim Kardashian ဟာ Michael Jackson ရဲ့ တူဖြစ်သူ TJ နဲ့ ပထမဆုံးအကြိမ် သံဝါသပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။အဆိုပါစာအုပ်မှာ Kim ဟာ RJ ၊ Reggie Bush ၊ Kris Humphries နဲ့ လက်ရှိခင်ပွန်း Kanye West တို့ နဲ့ မဆုံခင် သူမရဲ့ အထက်တန်းကျောင်းနှစ်တွေမှာ TJ နဲ့ ငယ်ဘ၀အချစ်ဇာတ်လမ်းအကြောင်းကို အသေးစိတ်ရေးသား ထားပါတယ်။

Kim ဟာ အရင်ကလည်း သူမအပျိုစင်ဘ၀ ဆုံးရှုံးရပုံကို ဖွင့်ပြောဖူးပြီး ပထမဆုံးအကြိမ် သံဝါသမပြုခင်မှာ သူမအမေဆီက အကြံဥာဏ်ကို တောင်းယူခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ “ ကျွန်မ ပထမဆုံးအကြိမ် ဖိုမသဘာဝ ဆက်ဆံမှုပြုခင်တုန်းက အသက် ၁၅ နှစ်နီးနီးပဲ ရှိပါသေးတယ်” လို့ Kim က ပြောပြခဲ့ဖူးပါတယ်။

Kim ဟာ သူမအမေဆီသွားပြီး “ အမေရေ.သမီးတော့ ဖိုမကိစ္စပြုချင်နေပြီ၊ပြုမိတော့မယ် ထင်တယ် လို့ သွားပြောတော့ အမေက ကောင်းပြီလေ။ ဒါဆို ဒီလို လုပ်ကြတာပေါ့။ သမီးကို သန္ဓေတားဆေး ထည့်ပေးထားမယ်လေ။ အမေက တကယ့်ကို ကျွန်မနဲ့ ဆို ပွင့်ပွင့်လင်းလင်းရှိပါတယ်” လို့ Kim က သူမ ရဲ့အမေဆီသွားပြီး တိုင်ပင်ခဲ့ပုံကို ပြန်ပြောင်းပြောပြပါတယ်။

Kim ဟာ သူမရဲ့အသက် ၁၄ နှစ်မွေးနေ့ ကို Michael Jackson ရဲ့ Neverland ခြံကြီးထဲမှာ ကျင်းပခဲ့ပြီး နောက်ပိုင်းမှာ အဆိုပါခြံဟာ ‘ကမ္ဘာပေါ်မှာ ကြည်နူးစရာအကောင်းဆုံးနေရာတစ်ခု’ လို့ People မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top