iMyanmarHouse.com - Best Property Website for Myanmar
×

ဗြိတိန်အမျိုးသားအဆိုတော်အဖွဲ့ One Direction ဟာ ၂၀၁၅ အမေရိကန်ဂီတဆုပေးပွဲ(AMA)မှာ ဖျော်ဖြေဖွယ်ရှိတဲ့ အနုပညာရှင်စာရင်းမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ ဒီစူပါစတားအဖွဲ့ဟာ လော့စ်အိန်ဂျလိစ်က Microsoft ကဇာတ်ရုံမှာ ၂၂ ကြိမ်မြောက် အဖြစ်ကျင်းပမယ့်  AMAမှာ  မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Perfect သီချင်းနဲ့ ဖျော်ဖြေဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။
 သူတို့အဖွဲ့ဟာ မနှစ်ကတော့ AMA ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံးအဆိုတော်ဆု ၊ Pop နဲ့ Rock နှစ်မျိုးအကောင်းဆုံးဆု ၊  Pop နဲ့ Rock အတွက် အကောင်းဆုံးအယ်လ်ဘမ်ဆုတို့ကို ရခဲ့ပါတယ်။

One Direction ဟာ ဒီနှစ်အတွက်တော့ ဆုနှစ်ဆုကို အမည်တင်သွင်းခြင်းခံထားရပြီးတစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆု ကတော့ တစ်ခုအပါအဝင်ဖြစ်တယ်လို့ Billboard မဂ္ဂဇင်းရဲ့အဆိုအရ သိရပါတယ်။ ဒီရဲ့ အမေရိကန်ဂီတဆုပေးပွဲအတွက် တစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆု ဆန်ကာတင်စာရင်းမှာတော့ Taylor Swift , Jennifer Lopez , Selena Gomez ကန်းထရီးအဆိုတော်Carrie Underwood တို့လည်း အမည်တင်သွင်းခြင်းခံထားရတယ်လို့ သိရပါတယ်။

Taylor Swift ကတော့  တစ်နှစ်တာအကောင်းဆုံးအဆိုတော်ဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ The Weeknd, Ed Sheeran, Sam Smith, Nicki Minaj and Meghan Trainor တို့ကလည်း ဆုနှစ်ဆုအထိ ဆန်ကာတင်ပါဝင်နေပါတယ်။ ဒီရဲ့ဆုတွေကိုတော့ အယ်လ်ဘမ်ရောင်းအား ၊ တစ်ပုဒ်ချင်းရောင်းရမှု ၊ ရေဒီယိုမှာ ထုတ်လွှင့်ရမှု အကြိမ်ရေ ၊ လူမှု လှုပ်ရှားမှုနဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေကို အခြေခံပြီးတွက်ချက်တယ်လို့ သိရပါတယ်။

"Made in the A.M." အယ်လ်ဘမ်ကို မကြာခင်မှာ ဖြန့်ချိမယ့် One Direction  အတွက်တော့ စံချိန်တွေကို ဆက်ထိန်းထားနိုင်ဖို့ အခွင့်ကောင်း ဖြစ်နေပြီး pop chart မှာလည်း ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိတယ်လို့ သိရပါတယ်။

Credit:ThitHtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top