ကမ္ဘာကျော် ရက်ပ်အဆို တော် ဒီဂျေပညာရှင် ရက်ဖူး (Redfoo)ပါဝင်ဖျော်ဖြေမည့် ဂီတ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင်ဝင်းအတွင်း ပြုလုပ်မည်ဖြစ်သည်။
ယင်းဖျော်ဖြေပွဲကို Intern-ational Music Festival in Yangon 2015 ဟု အမည်ပေးပြီး ယင်းဖျော်ဖြေပွဲမှရရှိသည့် အကျိုးအမြတ်များထဲမှ အချို့ကို ရေဘေးပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမည်ဟု ပွဲစီစဉ်သူ ကိုတယ်ရီတင်က ပြောသည်။
‘‘ကျွန်တော်က နိုင်ငံခြားဂီတ ကျောင်းကနေ ကျောင်းပြီးထား တာ။ ကိုယ်တိုင်လည်း ဂီတပွဲ တော်တစ်ခု လုပ်ချင်နေတာ။ ဒီ အတောအတွင်းမှာ ရေဘေးဖြစ် တော့ ကျွန်တော်လည်း တတ်နိုင် သလောက် ကူညီချင်တယ်ဆိုပြီး ရက်ဖူး (Redfoo)နဲ့ အဆက်အ သွယ်ရတော့ သူကလည်း မြန်မာ ပြည်လာဖို့ စိတ်ဝင်စားတယ်။ ရေ ဘေးပြန်လည်ထူထောင်ရေးအ တွက် တစ်စိတ်တစ်ဒေသ လှူချင် တယ်ဆိုလို့ ကမ်းလှမ်းခဲ့တာ’’ဟု ကိုတယ်ရီတင်က ပြောသည်။
ရက်ဖူးသည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂၀ ရက်ခန့်၌ ရောက်ရှိမည်ဖြစ်ပြီး ရေဘေးပြန် လည် ထူထောင်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်မည်ဟု ၎င်း က ဆိုသည်။
‘‘ရက်ဖူးကတော့ နောက်ဆုံး ဖျော်ဖြေပေးမယ်။ တခြား Activityတွေလည်းပါမယ်။ သူ့ရဲ့ဖျော်ဖြေ ချိန်ကတော့ တစ်နာရီလောက် ကြာမယ်’’ဟု ကိုတယ်ရီတင်က ပြောသည်။
ယင်းဖျော်ဖြေပွဲတွင် မြန်မာ နိုင်ငံမှ အဆိုတော် အားတီနှင့် ဒီဂျေဝိုင်းတို့လည်း ပါဝင်ဖျော်ဖြေ မည်ဖြစ်ပြီး လက်မှတ်ဈေးနှုန်းများ ကို ငွေကျပ်ငါးသောင်း၊ တစ် သိန်း၊ သုံးသိန်း၊ ငါးသိန်းနှင့် ခုနစ် သိန်းအထိ သတ်မှတ်ထားကြောင်း သိရသည်။
ရက်ဖူးသည် အသက် (၄၀) အရွယ် ကမ္ဘာကျော် အမေရိကန် ရက်ပ်အဆိုတော်၊ အကပညာရှင် နှင့် ဒီဂျေပညာရှင်တစ်ဦးဖြစ်ပြီး Party Rock အပါအဝင် ထင်ရှား သည့် တေးသီချင်းများစွာကို သီဆိုထားကာ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် ဖျော်ဖြေမည်ဖြစ်သည်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။