iMyanmarHouse.com - Best Property Website for Myanmar
×

ဝက်ဆားနယ်ခြောက်၊ ဝက်အူချောင်း ကြက်အူချောင်းစတဲ့ စားဖွယ်မျိုးနဲ့ တခြား အဆင့်ဆင့်စီမံထုတ်လုပ်ထားသော အသား (processed meat) များက ကင်ဆာရောဂါဖြစ်စေနိုင်ကြောင်း World Health Organization ရဲ့ အစီရင်ခံစာတစ်ခု အဆိုအရ သိရပါတယ်။

ယင်း processed meat များဟာ စီးကရက်များ၊ အရက်သေစာနဲ့ အာဆင်းနစ်ခ် နဲ့ ကျောက်ဂွမ်းစသော ကင်ဆာရောဂါဖြစ်စေတဲ့ အရာဝတ္ထများနည်းတူ ဖြစ်စေနိုင်ကြောင်း UK နိုင်ငံရဲ့ တရားဝင်ကျန်းမာရေးဆိုင်ရာ ဝက်ဘ်ဆိုဒ်ဖြစ်သော The NHS Choices က ဆိုတယ်။

Processed meat စားသုံးခြင်းနဲ့ အစာအိမ်ကင်ဆာဖြစ်ပွားမှုကြား ဆက်စပ်မှုတစ်ခုရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအသားတွေ များစွာစားသူများ အနည်းငယ်သာ စားသူများထက် အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေပိုများတယ်လို့ ၄င်းက ဖော်ပြထားပါတယ်။

သို့သော် အသက် ၁၁၆ နှစ်ရှိသူ Susannah Mushatt Jones အမည်ရ ကမ္ဘာ့အသက်ကြီးဆုံးဖြစ်သူဟာ ဆားဝက်နယ်ခြောက် အလွန်နှစ်သက်သူလို့ သိလာရတော့ အထင်နဲ့အမြင် အနည်းငယ် တခြားစီ ဖြစ်သွားနိုင်ပါတယ်။

သူမက ဝက်ဆားနယ်ခြောက်လေးချပ်လောက်နဲ့ ကြက်ဥမွှေကြော်ကို မနက်စာအဖြစ် စားသုံးပြီး ဝက်ဆားနယ်ခြောက်ကို တစ်နေ့လုံး တောက်လျှောက်စားတယ်လို့ သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top