iMyanmarHouse.com - Best Property Website for Myanmar
×














အဆိုတော် နဲ့ သရုပ်ဆောင် Will Smith ဟာ ၂၀၁၆ ခုနှစ်ထဲမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပြုလုပ်သွားမယ်လို့ အတည်ပြုပြောကြားလိုက်ပါပြီ။ရက်ပ်ပါ Will Smith ဟာ နောက်နှစ်နွေရာသီမှာ ကမ္ဘာပတ်ပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာ ဖြစ်သလို အကယ်၍ လုပ်ဖြစ်ခဲ့ရင်လည်း DJ Jazzy Jeff ဟာ သူနဲ့ အတူ ပူးပေါင်းပါဝင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တစ်ကယ်တော့ တစ်ခေတ်တစ်ခါက ဂီတ လောကမှာ အောင်မြင်မှုတွေ အများကြီး ရပြီးမှ သရုပ်ဆောင် လောကမှာပါ အချိန်ကြာကြာ အခြေချ လုပ်ဆောင်နေခဲ့တဲ့ Will Smith ဟာ ဂီတ လောက ထဲကို ပြန်လည်ခြေချဖို့အတွက် အများကြီး ပြင်ဆင်ထားပြီးနေပါပြီ။ သူဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲ မတိုင်မီမှာ (သို့) ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်အတွင်းမှာ သူ့ရဲ့ သီချင်း အသစ် အပုဒ် ၃၀ ခန့်ကို ပရိတ်သတ်ထံ အရောက်ပို့သွားဦးမယ်လို့လည်း ဆိုထားပါတယ်။

Fresh Prince of Bel Air ဆိုတဲ့ အခွေနဲ့ တစ်ချိန်တစ်ခါက ဂန္တ၀င်တွင်ခဲ့တဲ့ ရက်ပ် အဆိုတော်ဟာ ဂီတလောက ကို ၁၀ နှစ်ကြာ စွန့်ခွာပြီးတော့မှ ဒီလအစောပိုင်းမှာ Bomba Estereo ဆိုတဲ့ အတီးသမား တစ်ယောက်ရဲ့ Remix မှာ ရက်ပ် တစ်ပိုဒ် ၀င်ရွတ် ထားပါသေးတယ်။

သူ့ရဲ့ တစ်ချိန်က အောင်မြင်မှုတွေနဲ့ ဖန်သားပြင်ပေါ်က လက်ရှိ ထင်ပေါ်ကျော်ကြားမှု တွေကို ပိုင်ဆိုင်ထားပေမယ့်လည်း Will Smith က သူ့အနေနဲ့ လက်ထဲမှာ မိုက်ခရိုဖုန်းပြန်ကိုင်ပြီး အောင်မြင်မှု ဆီ ပြန်သွားရမှာကို ကြောက်နေမိတယ်လို့ လည်း ၀န်ခံထားပါတယ်။

"ကြောက်စိတ်ဆိုတာဟာ ဖန်တီးမှုကို သတ်ပစ်လိုက်နိုင်ပါတယ်။ ပြီးတော့ ရှုံးနိမ့်မှု နဲ့ ပတ်သက်ပြီးတော့ အထင်အမြင်လွဲမှားမှု တွေရှိနေပါတယ်။ သင် ဟာ အများကြီး ရှုံးနိမ့်ဖို့လိုတယ်။ သင် အစောကြီးကတည်းက ရှုံးနိမ့်ဖို့လိုတယ်။ သင် မကြာမကြာ ရှုံးနိမ့်ဖို့လိုတယ်။ သင်ရှေ့ဆက်လည်း ရှုံးနိမ့်ဖို့လိုတယ်။ ဒါကြောင့် ကျုပ်ဟာ ရှုံးနိမ့်မှု ဆီပြန်ရောက်သွားခဲ့ရင်လည်း ခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်။" လို့ Will Smith က ထည့်သွင်းပြောဆို လိုက်ပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top