iMyanmarHouse.com - Best Property Website for Myanmar
×









သားသမီးရှိသော အမျိုးသမီးများသည် သားသမီးမရှိသော အမျိုးသမီးများထက် အသက်ပိုရှည်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ မိခင်တာဝန်ကို ယူထားရသည့် အမျိုးသမီးများသည် သားသမီးမရှိသည့် အမျိုးသမီးများထက် စောစီးစွာ သေဆုံးနိုင်ခြေ (၂၀)ရာခိုင်နှုန်း ပိုနည်းကြောင်း ဗြိတိန်၏ လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။ ဥရောပရှိ အမျိုးသမီး ရာပေါင်းများစွာကို လေ့လာပြီး ယခုတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

  သားသမီး ရယူခြင်းနှင့် ဆက်စပ်သော ဟိုမုန်း အပြောင်းအလဲကြောင့် နှလုံးကျန်းမာရေး ကောင်းမွန်စေပြီး ကင်ဆာ ဖြစ်နိုင်ခြေ လျော့ကျသွားခြင်း ဖြစ်ကြောင်း ပညာရှင်များက ယူဆကြသည်။ လန်ဒန်တက္ကသိုလ် အင်မ်ပယ်ရီယယ် ကောလိပ်မှ သုတေသန ပညာရှင်များသည် ဗြိတိန်အပါအ၀င် ဥရောပ(၁၀)နိုင်ငံမှ အမျိုးသမီး (၃၂၂၉၇၂)ဦးတို့၏ ဘ၀နှင့် ပတ်သက်သော အချက်အလက်များကို လေ့လာခဲ့သည်။


 ထို့ပြင် ကလေးနှစ်ဦး သို့မဟုတ် သုံးဦးရှိသော အမျိုးသမီးများသည် ကလေးမရှိသော အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ကင်ဆာဖြင့် သေဆုံးနိုင်ခြေ ပိုနည်းကြောင်း လေ့လာမှုတွင် တွေ့ရှိခဲ့သည်။ သားသမီးများကို နို့တိုက်ကျွေးသည့် အမျိုးသမီးများသည် သားသမီးများအား ဘူးဖြင့် နို့တိုက်သည့် အမျိုးသမီးထက် ကင်ဆာဖြင့် သေဆုံးနိုင်ခြေ ရှစ်ရာခိုင်နှုန်း ပိုနည်းကြောင်း တွေ့ရှိခဲ့ပြန်သည်။

  နောက်ဆုံးတွင် သန္ဓေတားဆေး သောက်သည့် အမျိုးသမီးများသည် မသောက်သည့် အမျိုးသမီးများထက် စောစီးစွာ သေဆုံးနိုင်ခြေ (၁၀) ရာခိုင်နှုန်း ပိုနည်းကြောင်း ပညာရှင်များ တွေ့ရှိခဲ့ သည်။ ယခုတွေ့ရှိမှုကို BMC ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။



  (၁၃)နှစ်ကြာ လေ့လာမှုအတွင်း အမျိုးသမီး(၁၄၃၈၃)ဦး သေဆုံးခဲ့သည်။ ၎င်းတို့အနက် (၆၀၀၀)မှာ ကင်ဆာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ပြီး၊ (၂၄၀၀)မှာ  နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သို့သော် သားသမီးရှိသော အမျိုးသမီးများမှာမူ စောစီးစွာ သေဆုံးနိုင်ခြေ များစွာ နည်းပါးကြောင်း ပညာရှင်များက အခြား အမျိုးသမီးများ၏ ကျန်းမာရေးအခြေ အနေများဖြင့် နှိုင်းယှဉ်ပြီး တွေ့ရှိခဲ့သည်။

Credit:Thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top