1.ရေခဲကပ်ပေးပါ..
အထိရောက်ဆုံးနဲ့အသုံးအများဆုံးနည်းလေးပါနော်..ရေအေးဟာချွေးပေါက်တွေကိုကျဉ်းစေတယ်
..ရေနွေးဟာပိတ်နေတဲ့ချွေးပေါက်တွေကိုပွင့်စေပါတယ်..ဒါကြောင့်ပထမဆုံးကြက်သီးနွေးရေလေးနဲ့
မျက်နှာသစ်ပြီးချွေးပေါက်တွေဖွင့်လိုက်ပါ..ပြီးရင်မျက်နှာသစ်ဆပ်ပြာနဲ့သေချာသန့်စင်ပါ..
ပြီးရင်ကြက်သီးနွေးရေနဲ့ပဲပြန်ဆေးချပါ..ရေသုတ်ပြီးတာနဲ့ရေသန့်ရေခဲကိုယူပါ..ချွေးပေါက်ကျယ်တတ်တဲ့
ပါးမို့၊နဖူးနဲ့နှာခေါင်းနေရာတွေကိုအဓိကထားပြီးအသာအယာတို့ထိပေးပါ..တစ်နေရာကို စက္ကန့် ၂၀ စီလောက်ပေါ့နော်..ရေခဲမကပ်ချင်ရင် ရေသန့်ရေအေးနဲ့လဲမျက်နှာသစ်နိုင်ပါတယ်..
2. ရေခဲတဲ့အကန့်လေးတွေထဲကိုခရမ်းချဉ်သီး၊သံပုရာသီးတို့ကိုအရည်ညှစ်..ရေသန့်အနဲငယ်နဲ့ရောပြီး
ရေခဲခန်းထဲထည့်ထားပါ ( ပုံမှန်ရေခဲ ခဲသလိုပေါ့နော် ) ခဲပြီဆိုမှ 1. ကနည်းအတိုင်းအသုံးပြုပေးပါ.. ရိုးရိုးရေခဲနဲ့လုပ်တာထက်ပိုထိရောက်ပါသတဲ့.. ရေခဲကပ်တာကို မနက်တကြိမ် ညတကြိမ်ပြုလုပ်ပေးနိုင်ပါတယ်.. ဒီလိုလုပ်ပေးခြင်းဖြင့်သွေးလှည့်ပတ်မှုကောင်းစေတယ်၊ချွေးပေါက်တွေကျဉ်းစေတယ်၊ဝက်ခြံတွေအရောင်
ကျစေတယ်၊အသားအရေနီမြန်းတာတွေကိုလျော့ကျစေပါတယ်..
3. ကြက်ဥအကာရေသီးသန့်ကို(အနှစ်ဖယ်ပြီး) ဂွမ်းလေးနဲ့မျက်နှာအနှံ့သုတ်လိမ်းပေးပါ.. အကာရည်တွေကိုမျက်နှာပေါ်အများကြီးလိမ်းစရာမလိုဘူးနော်..နှံ့အောင်လိမ်းရုံဆိုရပါပြီ..ကြက်ဥအကာ ၁လုံးကို ၃ ၄ ခါလောက်သုံးလို့ရပါတယ်နော်..
ပြီးရင် tissue ပါးပါးလေးကိုအသာကပ်ပေးပါ…ပြီးရင်အကာရေလေးတွေခြောက်တာစောင့်ပေးပါ..မိနစ် ၂၀လောက်တော့ကြာတတ်တယ်ရှင့်..( ယပ်ခပ်ရင်းစောင့်လဲရတယ် ပိုမြန်အောင် tongue emoticon ) ခြောက်တဲ့အချိန်ကြရင် tissue လေးဟာခြောက်ပြီးတင်းနေပါလိမ့်မယ်( ထိကြည့်ရင်လဲ ကြွပ်ဆတ်ဆတ်လေးဖြစ်နေပါတယ်) ..ပါးစပ်ဟကြည့်ရင်တောင်သိသာပါတယ်နော် တင်းနေတာက..ဒါဆို tissue လေးကိုအချပ်လိုက်ခွာလို့ရပါပြီ..before နဲ့ after ကတကယ်ကိုကွဲပြားနေတာတွေ့ရမှာပါ..အသားလေးကနုချောပြီးကြည်နေပါလိမ့်မယ်..
နှာခေါင်းကဆားဝက်ခြံတွေလဲ tissue လေးထဲပါကုန်လို့တွေ့ရမှာမဟုတ်တော့ဘူး..ဒီနည်းလေးဟာအရမ်းလွယ်ပြီး အသားအရေအတွင်းထဲထိသန့်စင်ပေးတယ်..ဆားဝက်ခြံအပြင်အညစ်အကြေးတွေကိုလုံးဝပြောင်စင်သွားစေပါတယ်..ပုံမှန်လုပ်ပေးရင်အညစ်အကြေးကင်းပြီးချွေးပေါက်လဲကျဉ်းစေပါတယ် ( ပိစိလေးတော့ညှီတယ် ကြက်ဥဆိုတော့ )
4.ပျားရည်နဲ့ဒိန်ချဉ်စစ်စစ်ကိုရောပြီးမျက်နှာအနှံ့လိမ်းပါ.. မိနစ်အနည်းငယ်ထားပြီးရေအေးနဲ့ပြန်ဆေးချပါ..ပျားရည်ကပိုးသေစေတယ်..အရေပြားရဲ့ healing process ကိုမြှင့်တင်ပေးတယ်..ပိတ်နေတ့ချွေးပေါက်ထဲက bacteria တွေကိုတိုက်ဖျက်ပေးတယ်..ဒိန်ချဉ်ကချွေးပေါက်အတွင်းပိုင်းထိသန့်စင်ပေးနိုင်တယ်..တခြားကောင်းကျိုးတွေဲအများကြီးပါ..တစ်ပတ် ၂ခါထိလုပ်ပေးနိုင်ပါတယ်..
5. ထောပတ်စစ်စစ်နဲ့ဆား(သို့)သကြား ကိုခပ်ပျစ်ပျစ်ရောပြီး ချွေးပေါက်ကျယ်တဲ့နေရာတွေကိုပုံပေးပါ..လုံးဝအရည်ခပ်ပျစ်ပျစ်ဖြစ်အောင်ဖျော်ပါနော်..
အပူပေးပြီးဖျော်လဲရပါတယ်..scrub လိုသကြားမှုန်တွေမကျန်ပါစေနဲ့..ဒီအရောဟာချွေးပေါက်ပိတ်တာတွေကို
ပွင့်စေပြီးသေးငယ်သွားစေပါတယ်တဲ့..
6. ကြက်သွန်ဖြူ ၂ လုံး၃လုံးနဲ့ ခရမ်းချဉ်သီး တစ်ဝက်ကိုရောချေပြီးအရေဖြစ်အောင်မွှေပါ..၁၅မိနစ် လောက်ထားပြီးပြန်ဆေးချပါ..
7. ဆလပ်ရွက်လတ်လတ်ဆတ်ဆတ်ကိုခြေပြီးအရည်ညှစ်ပါ..သံပုရာရည်အနည်းငယ်ထည့်ပါ..ဆလပ်ရည်၁ဇွန်းဆိုသံပုရာရည်ကို ၁စက် ၂စက်ခန့်သာထည့်ပါ..မိနစ် ၂၀ခန့်ထားပြီးရေပြန်ဆေးချပါ..
ကြက်ဥအကာနဲ့ရေခဲကတော့ကိုယ်တိုင်လဲခနခနကိုလုပ်ဖြစ်ပါတယ်..တကယ်ကိုသိသာလို့..
Pore problems အတွက်အဓိကအဖြေက toner ပါ..ဆားဝက်ခြံတွေဆိုလဲညှစ်တုန်းကုတုန်းတော့ပျောက်သွားတယ်..ပြီးရင်ပြန်ဖြစ်မှာပါပဲ..ဒါဟာချွေးပေါက်တွေကျယ်နေသေးလို့ပါ..အပေါ်ကနည်းတွေဟာ mask လို ပြန်ဆေးချတဲ့နည်းတွေပါ..ပြန်ဆေးချစရာမလိုတဲ့ Homemade toner လုပ်နည်းလေးတွေပြောပြပါမယ်နော်..
1. သခွားသီး၊ခရမ်းချဉ်သီးနဲ့ဆလပ်ရွက်တွေကိုဖျော်ရည်စက်နဲ့ကြိတ်ပါ..သံပုရည်အနဲငယ်ကိုညှစ်ထည့်ပါ..
သဘာဝတိုနာအနေနဲ့သုံးနိုင်ပါတယ်..ချွေးပေါက်တွေကိုသိသိသာသာကျဉ်းစေတဲ့အပြင်
အသားအရောင်ကိုဝင်းလာစေပါတယ်..
2. Organic Green tea bag လေးတွေကိုရေနွေးနဲ့စိမ်ပါ..ရလာတဲ့အရေကိုအအေခံပြီး apple cider vinegar ရောထည့်ပါ.. green tea ၃ ဆ acv ၁ ဆ ထည့်ပါ.. အဆီပြန်ပြီးဝက်ခြံထွက်တတ်တဲ့သူတွေအတွက်လဲကောင်းပါတယ်နော်.. Green tea ရော ACV ရော City mart မှာအလွယ်တကူရပါတယ်နော် ( ဒီတိုနာကကျွန်မလက်ရှိသုံးနေတာပါရှင့်၊တကယ်ကောင်းပါတယ် )
ချွေးပေါက်ကျယ်ခြင်းဟာမျက်နှာပေါ်ကပြသနာတွေရဲ့အဓိကတရားခံဖြစ်ပါတယ်..ဆားဝက်ခြံ၊
ဝက်ခြံအမျိုးမျိုး တွေရဲ့အရင်းအမြစ်ပေါ့လေ..ဒါ့ကြောင့်အပေါ်ကနည်းလေးတွေကို
စိတ်ရှည်ရှည်အသုံးပြုပေးပါ..ချွေးပေါက်တွေလုံးဝမကင်းစင်စေပေမယ့် တကယ်ကိုသိသိသာသာကျဉ်းစေပါတယ်နော်( ချွေးပေါက်လုံးဝကင်းစင်ဖို့ဆိုတာလဲမဖြစ်နိုင်သလောက်ကို
ခက်ခဲပါတယ်တဲ့ )
**ချွေးပေါက်ကျယ်သူတွေအတွက်မျက်နှာသစ်ရင်ကြက်သီးနွေးရေနဲ့အမြဲသစ်ပြီးနောက်ဆုံးမှာ
အမြဲရေအေးနဲ့ပြန်သစ်ရမယ်နော်..
Credit: BeautyStoriesByChaw
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဆားဝက်ခြံနဲ့ ချွေးပေါက်ကျဉ်းစေဖို့ နည်းလမ်းကောင်းများ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။