iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင်ကာလာပြောင်းတော့မယ်ဆို သိပ်စဉ်းစားမနေပဲ ဆံပင်ညှပ်ဆိုင်ကို သွားပြီး တွေ့တဲ့အရောင် ကောက်ပြောင်းလိုက်လို့ အဆင်မပြေနိုင်ပါဘူး။ သင့်ဆံပင်ရောင်နဲ့ သင့်အသားရောင် လိုက်ဖက်မှုရှိမရှိ၊ ဆံပင်အရောင်ကျသွား ရင် ဘယ်လိုဖြစ်မလဲဆိုတာတွေနဲ့ အရင်ဆိုးပြီးသားအရောင်နဲ့ဆို ကာလာထွက်မထွက်၊ အရောင်ထပ်ချွတ်ဖို့ ဖြစ်မဖြစ် သေချာလေ့လာမေးမြန်းဖို့ လိုပါတယ်။ ဒီတော့ ဆံပင်အရောင်မဆိုးခင် သိထားရမယ့် အချက်တွေက

၁။ဆံပင်ညှပ်ဆရာနဲ့ appointment ယူထားတယ်ဆိုရင် ယူထားတဲ့အချိန်ထက် ၁၅မိနစ်စောသွားပြီး သေချာဆွေးနွေးပါ။

၂။ဘယ်နှစ်လတစ်ခါ ပြန်ဆိုးပေးဖို့ လိုမှာလဲဆိုတာ သေချာမေးပါ။ ဘယ်လို treatment တွေ ကြားထဲမှာ ယူဖို့ လိုမလဲ သေချာမေးပါ။

၃။ဘယ်ဆံပင်ညှပ်ဆိုင်၊ beauty saloon က ဆံပင်ဆိုးပေးတာ ကောင်းသလဲ သေချာစုံစမ်းပါ။

၎။ခေါင်းလျှော်တဲ့အကြိမ် ဘယ်လောက်မှာ အရောင်တွေ ပြောင်းသွားနိုင်သလဲဆိုတာ မေးပါ။

၅။ကိုယ်ဆိုးချင်တဲ့အရောင်ကို ဆိုးလို့ မရဘူးဆိုရင်တောင် သင်ဘယ်လိုကာလာမျိုးတော့ မကြိုက်ဘူး၊ မလိုချင်ဘူးလဲဆိုတာ သူ့ကို သေချာပြောပြပါ။

၆။ကိုယ်အလိုချင်ဆုံးကာလာကို ဓာတ်ပုံယူသွားပြီး ပြပါ။

၇။ကာလာမဆိုးခင် တစ်ရက်မှာ ဆံပင်ကို အိမ်မှာ hair mask နဲ့ treatment ယူတာမျိုး၊ ကိုယ့်ဘာသာကိုယ် ပေါင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။

၈။တစ်ခါမှ ဆံပင်မဆိုးဖူးပဲ ဒါပထမဆုံးအကြိမ် ဆိုးမယ်ဆိုရင်တော့ အရောင်တောက်တာ၊ အရောင်ဆန်းကြီးတွေ မဆိုးပါနဲ့။

၉။ဆံပင်ဆိုးပြီးတဲ့နောက်ပိုင်း ဆံပင်ကို ပုံသွင်းဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာမေးပါ။ ဆံပင်အရောင်ဆိုးပြီးတဲ့အခါ ဆံပင်သားပုံစံပြောင်းသွားတာမျိုး ရှိနိုင်တာမို့လို့ သေချာမေးမြန်းဖို့ လိုပါတယ်။

၁၀။ဆံပင်ဆေးပြီးသွားတဲ့အခါ ဆံပင်သားကို ထိန်းသိမ်းဖို့အတွက် သုံးနေကျ ရှန်ပူကနေ ဆေးဆိုးထားတဲ့ဆံပင်တွေအတွက် အထူးထုတ်ထားတဲ့ ရှန်ပူနဲ့ ပေါင်းဆေးတွေကို ပြောင်းသုံးသင့်ပါတယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top