iMyanmarHouse.com - Best Property Website for Myanmar
×

မျက်နှာနုပျိုအောင် ခွဲစိတ်ကုသခြင်းက ရုပ်ရည်ကို ၁၀ နှစ်ခန့် ပိုငယ်သွားစေနိုင်ပါတယ်။ သို့သော် မိမိကိုယ်မိမိ တန်ဖိုးထားခြင်းမှာ ပြောင်းလဲမှု သိပ်ဖြစ်စေမှာတော့ မဟုတ်ပါဘူး။ နယူးရော့ခ်အခြေစိုက် မျက်နှာပလတ်စတစ် ခွဲစိတ်ကုသမှုနဲ့ ပြန်လည်ပုံဖော်ခွဲစိတ်ကုသ ဆရာဝန်တစ်ဦးဖြစ်သူ Andrew Jacono က မိမိကိုယ်ကို မိမိတန်ဖိုးထားခြင်းနဲ့ မျက်နှာအရွယ်တင်နုပျိုမှု ရလဒ်နှစ်ခုကြား ပတ်သက်ဆက်နွယ်မှုကို နားလည်သဘောပေါက်ဖို့ ခွဲစိတ်ကုသခံသူများ ထံမှာ အတွေးရတဲ့အခါ မျက်နှာနုပျိုအောင် ခွဲစိတ်ကုသမှုရလဒ်ကို ကြည့်ဖို့ မိမိကိုယ်ကို မိမိတန်ဖိုးထားသည့် နှုန်းထားကို အသုံးပြုခဲ့ပါတယ်။

ယင်းလေ့လာမှုမှာ ၂၀၁၃ ဇူလိုင်မှ အောက်တိုဘာလအထိ မျက်နှာနုပျိုအောင် ခွဲစိတ်ကုသမှုခံယူထားသူ ၅၉ ယောက်ပါဝင်ခဲ့ပါတယ်။ ယင်း ၅၉ ယောက်ထဲမှာအ ယောက် ၅၀ ဟာ ၆ လကြာ ခွဲစိတ်ကုသမှုအလွန် စစ်တမ်းကောက်မေးမြန်းမှု ခံခဲ့ကြပါတယ်။ နှစ်ဦးကလွဲလို့ အားလုံးဟာ ပျှမ်းမျှအသက် ၅၈ နှစ်ရှိ အမျိုးသမီးများ ဖြစ်ကြပါတယ်။ ခွဲစိတ်ကုသမှု မခံယူခင်နဲ့ ခံယူပြီးနောက်ပိုင်း မိမိကိုယ်ကို မိမိတန်ဖိုးထားမှုနှစ်ခုကြား ခြားနားမှု သိပ်မရှိဘူးလို့ သုတေသီများက ဆိုပါတယ်။

ခွဲစိတ်ကုသမှုခံယူထားသူတွေအနေနဲ့ အသက် ၉ နှစ် နီးပါး ပိုနုပျိုလာတာ ခံစားခဲ့ကြပေမယ့် အဲဒီပြောင်းလဲနုပျိုတဲ့ရုပ်အသွင်က ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုနဲ့ ဆက်နွယ်မနေခဲ့ကြောင်း သုတေသနပြုသူများက မှတ်ချက်ပြုခဲ့ကြပါတယ်။ ၁၉၉၈ ကတည်းက မျက်နှာနုပျိုအောင်ခွဲစိတ်ကုသမှု ၃၀ ရာခိုင်နှုန်းအထိ ပုံမှန်ထိုးတက်လာခြင်းကြောင့်  ဒီလူကြိုက်များလှတဲ့ လုပ်ဆောင်ချက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုတွေ နားလည်သဘောပေါက်ဖို့ ပိုအရေးကြီးလာကြောင်း ယင်းလေ့လာမှုက ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top