iMyanmarHouse.com - Best Property Website for Myanmar
×










ဝက်အူချောင်းများ၊ ၀က်ပေါင် ခြောက်နှင့် ပြုပြင်ထားသော အသားများကို စားခြင်းသည်
အူမကြီး ကင်ဆာဖြစ်နိုင်ပြီး အမဲသား၊ သိုးသား၊ ဆိတ်သားနှင့် ၀က်သားစသည့် ခြေလေးချောင်း
ရှိသော သတ္တ၀ါတို့၏ အသားများသည်လည်း အနီရောင် ကင်ဆာရောဂါဖြစ်ရန် သေချာ
သလောက်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ခွဲတစ်ဖွဲ့က အောက်တိုဘာ ၂၆ ရက်၌ ဆိုသည်။

တွေ့ရှိချက်များက အသားစားမှု ကန့်သတ်ရန် အကြံပြုချက်ကို ထောက်ခံလျက် ရှိကြောင်း
အသားပါသော အာဟာရ နှင့် ကင်ဆာရောဂါ ဆက်စပ်မှုကို လေ့လာခဲ့သော သုတေသန
၈၀၀ ကျော်၏ သုံးသပ်ချက်ကို ပြုစုသည့် နိုင်ငံတကာ ကင်ဆာသုတေသနအဖွဲ့
(အိုင်အေအာရ်စီ) က ဆိုသည်။ တာရှည်ခံအောင် ပြုပြင်ထားသည့် အသား ဂရမ် ၅၀
နေ့စဉ်စားခြင်းသည် ကင်ဆာဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်းတိုးစေကြောင်း အစီရင်ခံစာက
ဆိုသည်။

ထိုအစီရင်ခံစာကို နိုင်ငံ၊၁၀ နိုင်ငံ ကျွမ်းကျင်သူ ၂၂ ဦးက လေ့လာသုတေသန လုပ်ကာ
ပြုစုထားခြင်း ဖြစ်သည်။

Credit : Myanmar.mmtimes

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top