iMyanmarHouse.com - Best Property Website for Myanmar
×














 တောင်ကိုရီးယားသရုပ် ဆောင်မင်းသမီး ပတ်ရှီယွန်းသည် နိုဝင်ဘာ ၁၄ ရက်တွင် ကျန်းမာ ရေးကောင်းမွန်သော သမီးမိန်း ကလေးတစ်ဦးမွေးဖွားခဲ့သည်ဟု ပတ်ရှီယွန်း၏အေဂျင်စီကပြော သည်။

မိခင်နှင့်ကလေးပါ  ကျန်းမာကြောင်းနှင့် ပရိသတ်များ၏ ဂုဏ်ယူဝမ်းမြောက်မှုကို    မျှော်လင့်ကြောင်း အေဂျင်စီကပြောသည်။

ပတ်ရှီယွန်းသည် ၂၀၁၁ တွင်အိမ်ထောင်ပြုခဲ့ပြီး ၂ နှစ်အကြာ ပထမဆုံးရင်သွေးထွန်းကားခဲ့ သည်။ ထို့နောက် ၂ နှစ်အကြာ နိုဝင်ဘာ ၁၄ ရက်နေ့လယ်တွင် ဒုတိယမြောက်ရင်သွေး မွေးဖွားခဲ့ခြင်းဖြစ်သည်။

သမီးနှစ်ဦးမိခင်ဖြစ်သော ပတ်ရှီယွန်းက ဂုဏ်ယူဝမ်းမြောက်စကားဆိုသူအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် ပရိသတ်ရှေ့မှောက်သို့ သရုပ်ဆောင်မင်းသမီးပတ်ရှီယွန်းအဖြစ် ပြန်လာမည်ဖြစ်ကြောင်းပြောသည်။

ပတ်ရှီယွန်းသည် ပြီးခဲ့သည့် ဧပြီတွင် ထွက်ရှိခဲ့သော အမေရိ ကန်အက်ရှင်ဇာတ်ကား Last Knights ဖြင့် ဟောလိဝုဒ်လောက သို့ အနုပညာခြေလှမ်း စတင်ခဲ့ သူဖြစ်သည်။  

Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top