iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်ဆိုတာ သူ့အလိုလို ရှင်သန် ကြီးထွားနေနိုင်တဲ့ အရာမဟုတ်ပါဘူး။ ပန်းပင်လေးတစ်ပင်လိုပဲ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးကြား Relationship တွေ အမြဲတမ်း နွေးထွေးပျော်ရွှင်စေဖို့ နည်းလမ်းကောင်းလေးတွေကိုမျှဝေ ပေးလိုက်ရပါတယ်။

၁။ မိမိချစ်သူကို အခြားသူတွေ မချစ်နိုင်တဲ့ အချစ်မျိုးနဲ့ ချစ်နိုင်အောင် ကြိုးစားပါ။ သူစိတ်ချမ်းသာဖို့အတွက် ကိုယ့်အတ္တတွေ ကို ချိုးနှိမ်သင့်ရင် ချိုးနှိမ်ပေးလိုက်ပါ။ ဒါဟာ ရှုံးနိမ့်ခြင်း ဆိုတာထက် ကိုယ်ချစ်တဲ့သူအတွက် ပေးဆပ်ခြင်း သီးသန့်ပဲ ဖြစ်ပါတယ်။

၂။ ချစ်သူနှစ်ဦးကြား ကိစ္စတစ်ခုခုဖြစ်လာခဲ့ရင် သူ့ဖက်ကိုယ့်ဖက် မျှတွေးတတ်ဖို့က အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် ဘယ်ကိစ္စမဆို တစ်ဖက်သတ် မဆုံးဖြတ်ပါနဲ့။

၃။ အငြင်းပွားစရာ၊ ပဋိပက္ခဖြစ်စရာ ကိစ္စတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။ အကယ်၍ ဖြစ်လာခဲ့ရင်လဲ ချက်ချင်းပြေလည်အောင် ဖြေရှင်းလိုက်ပါ။

၎။ တစ်ယောက်နဲ့တစ်ယောက်ကြား အမြဲတမ်း နွေးထွေးကြင်နာတဲ့ ဆက်ဆံရေးမျိုးလေးတွေ ရှိနေပါစေ။ နှစ်တွေ ကြာလာလို့ အေးခဲသွားတာမျိုး မဖြစ်ပါစေနဲ့။

၅။ တစ်ယောက်ချင်းစီ ဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံး ပြင်ဆင်ခွင့်ရှိဖို့ လွတ်လပ်တဲ့ အချိန်တွေရှိနေရပါမယ်။ တစ်ယောက်ကိုတစ်ယောက် ချုပ်နှောင်ထားတာမျိုး မဖြစ်ပါစေနဲ့ ။ ဒီလိုတစ်ယောက်ထဲ နေတဲ့ အချိန်မှာ ချစ်သူက ကိုယ့်အတွက် ဘယ်လောက်ထိ အရေးပါလဲ ဆိုတာကိုပါ တိုင်းတာလို့ ရသွားပါတယ်။

၆။ တစ်ယောက်ကိုတစ်ယောက် ပိုင်သေ တွက်ထားပြီး သူက ကိုယ့်အတွက် ဖြစ်တည်လာတာ ဆိုပြီး ဂရုမစိုက်ဘဲ နေပါများရင် တစ်ချိန်ချိန်မှာ နောင်တရဖို့ ဖြစ်လာနိုင်ပါတယ်။

၇။ ကိုယ်ချစ်သူစိတ်ချမ်းသာဖို့ အတွက်ဆို လိုအပ်သလို မုသားလေးတွေ သုံးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီမုသားက ဆိုးကျိုးတစ်စုံ တရာ မရှိဖို့တော့ လိုအပ်တာပေါ့။

၈။ အပြုသဘောဆောင်တဲ့ ဝေဖန်ခြင်းမျိုးလေးတွေ မကြာခဏ ပြုလုပ်ပေးပါ။ ဒါဟာ သင့်ချစ်သူကို ပိုပြီးကောင်းမွန်တဲ့ လူသားတစ်ဦး ဖြစ်လာစေမှာမို့ပါပဲ။

၉။ အခြေအနေတိုင်းမှာ သူ့အတွက် အမြဲအဆင်သင့် ရှိနေပေးပါ။ အခက်ခဲဆုံးအချိန်တွေက Relationship တွေရဲ့ စစ်မှန်မှုကို စမ်းသပ်ဖို့အကောင်းဆုံး အချိန်ပါပဲ။ ဒါကြောင့် မှီခိုချင်တဲ့ အချိန်မှာ နွေထွေးတဲ့ရင်ခွင်တစ်ခု အဆင်သင့် ရှိနေပေးလိုက်ပါ။

၁၀။ ပတ်ဝန်းကျင်က လူတွေရှေ့မှာ ဘယ်တော့မှ အငြင်းမပွားပါနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁၁။ တစ်နှစ်ပတ်လုံး အတူရှိနေကြတာ မှန်ပေမဲ့ အပြင်မှာ နှစ်ဦးသား လျှောက်လည်ကြတာမျိုးလေးတွေ မကြာမကြာ ပြုလုပ်ပေးပါ။ ဒါဟာ အချစ်တွေကို အမြဲလတ်ဆတ်စေဖို့ အသုံးဝင်ပါလိမ့်မယ်။

၁၂။ ချစ်သူအတွက် ကိုယ်ဟာ အမြဲ ဆွဲဆောင်မှုရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို လှပသန့်ရှင်းအောင် ပြင်ဆင်တာဟာ တစ်ဖက်လူကို လေးစားမှုရှိတာပါပဲ။

၁၃။ တစ်ယောက်ကို တစ်ယောက် အသေးအဖွဲ ကိစ္စလေးတွေကအစ ချီးကျူး အသိမှတ်ပြုပေးပါ။ ဒါဟာသူ့ကို ဂရုတစိုက်နဲ့ တန်ဖိုးထားတယ်ဆိုတာ ပြသလိုက်တာပါ။

၁၄။ မွေးနေ့၊ နှစ်ပတ်လည်နေ့ စတဲ့ အမှတ်တရနေ့လေးတွေကို အထိမ်းအမှတ်ပွဲလေးတွေပြုလုပ်ပြီး ကျင်းပပျော်ရွှင်ပါ။ ဒါဟာဘဝမှာ ဘယ်တော့မှ မေ့လို့မရမယ့် မှတ်တိုင်လေးတွေပါပဲ။

၁၅။ ကိုယ့်လက်တွဲဖော်၊ ချစ်သူကို ဘယ်တော့မှ ဝမ်းနည်းအောင် မလုပ်မိပါစေနဲ့။ ဒါဟာ Relationship ကို ထိခိုက်စေနိုင်တဲ့ ကြီးမားတဲ့ အမာရွတ်တစ်ခု ဖြစ်သွားစေနိုင်လို့ပါ။

၁၆။ မိမိချစ်သူအပေါ် အာဃာတတွေ မထားဘဲ ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ နားလည်ခွင့်လွှတ်တတ်ခြင်းကလည်း Relationship တစ်ခု သာယာဖြောင့်ဖြူးဖို့ အဓိကနေရာမှာ ရှိနေပါတယ်။

၁၇။ သင့်လက်တွဲဖော်ကို အမြဲတမ်း တစ်လေးတစ်စား ဆက်ဆံပါ။

၁၈။ အခြားသူတွေရဲ့ ဝေဖန်သံတွေကို ဂရုမစိုက်ပါနဲ့။ သင့်ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒတွေနဲ့ သင့်လက်တွဲဖော်ရဲ့ ဆန္ဒတွေကသာ အရေးကြီးဆုံးဆိုတာကို ယုံကြည်ထားပါ။

၁၉။ ဒေါသထွက်နေတဲ့ အချိန်မှာတောင် တစ်ယောက်ကိုတစ်ယောက် အပြစ်တင်တာမျိုးတွေ မလုပ်ဖြစ်အောင် ထိန်းချုပ်ပါ။ ဒါဟာ နှစ်ယောက်ကြား အစိုင်အခဲတွေ ဖြစ်လာနိုင်စေပါတယ်။

၂၀။ တစ်ယောက်နဲ့တစ်ယောက် မအားလပ်တဲ့ကြားက အချိန်ပေးပျော်ရွှင်ဖို့လိုအပ်ပါတယ်။ ဒါဟာ Relationship မှာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေ ပိုမိုခိုင်မြဲစေဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။

၂၁။ အမြဲတမ်း ကလေးတွေလိုပဲ လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ကြပါ။ ခေါင်းအုံးလေးတွေနဲ့ ပစ်ပေါက်ကြတာ၊ ချစ်စနိုးနဲ့ နပမ်းလုံးကြတာလေးတွေဟာ သင်တို့Relationship ကို ပျော်ရွှင်စေမယ့် နည်းလမ်းကောင်းလေးတွေပါပဲ။

၂၂။ သင့်အချစ်တွေကို ဖော်ပြဖို့ ရိုးစင်းတဲ့ နည်းလမ်းလေးတွေကို အသုံးပြုပါ။ အချစ်တွေကိုဖော်ပြဖို့ အထူးစီစဉ်ထားတဲ့ ခမ်းနားမှုတွေ မလိုအပ်ပါဘူး။ နေ့စဉ်ဘဝမှာပဲ သူ့ကိုချစ်ကြောင်းပြလို့ ရတဲ့ အရာတွေအများကြီးပါ။

၂၃။ ဆက်ဆံရေးတွေက သူဒီလိုဖြစ်လို့ ကိုယ်ရောဒီလို ဖြစ်မှာလား ဆိုတာမျိုးတွေ တွေးလို့မရပါဘူး။ ဒီတော့ သူများ Relationship တွေကို ခဏဘေးဖယ်ပြီး ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့ကြားက ဆက်ဆံရေးကိုပဲ အကောင်းဆုံး တည်ဆောက်ပါ။

Credit : Gandawin Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top