iMyanmarHouse.com - Best Property Website for Myanmar
×












 ပြည်ပခရီးသွားရန်ရှိ သောကြောင့် ၂၀၁၅ ရွေးကောက် ပွဲအတွက် နိုဝင်ဘာ ၄ ရက်တွင် ကြိုတင်မဲပေးခဲ့ကြောင်း အဆို တော် နိုင်းဝမ်းက ပြောသည်။
‘‘မြ၀တီရုပ်မြင်သံကြားက သီချင်းဆိုပြိုင်ပွဲအတွက် ဘန် ကောက်မှာ လုပ်မှာမို့လို့ မနက် ဖြန်သွားရမှာ။ နိုဝင်ဘာ ၈ ရက် နေ့လောက်မှ ပြန်ရောက်ဖြစ်ဖို့ များလို့ ကြိုတင်မဲပေးခဲ့တာပါ’’ဟု နိုင်းဝမ်းက ပြောသည်။
ရွေးကောက်ပွဲတွင် မဲတစ်မဲ ချင်းစီသည် အရေးကြီးသော ကြောင့် ၎င်းရရှိသည့် ဆန္ဒမဲတစ်မဲကို မဲပေးခဲ့သလို နိုင်ငံသားတိုင်းအ နေဖြင့်လည်း ကိုယ်ယုံကြည်သည့်ပါတီကို မဲပေးစေလိုကြောင်း ၎င်းကပြောသည်။

‘‘မဲစာရွက်ကို သေသေချာ ချာကြည့်ဖို့နဲ့ ပြီးတော့ တံဆိပ်တုံး က အရမ်းဖိလိုက်ရင် ပေါင်မှာ ရှိတဲ့ မင်တွေ ပေသွားတယ်။ အ ရမ်းဖိမနှိပ်ရင်လည်း မှိန်မှိန်လေး ပဲ ထင်တယ်။ အဲဒီတော့ နည်း နည်းပုံမှန်လေးပေါ့။ စာရွက် ပြောင်မှာစမ်းလို့ တော့ရပါတယ်။ အဲဒါကြောင့် သေချာစမ်းပြီးမှ ပေါင်ထဲဝင်အောင်နှိပ်ပါလို့ အ ကြံပေးချင်တယ်’’ ဟု နိုင်းဝမ်းက ပြောသည်။
အင်န်အယ်လ်ဒီပါတီ၏ အောင်နိုင်ရေး ဖျော်ဖြေပွဲများတွင် ပါဝင်သီဆိုဖြစ်သောကြောင့် ၎င်း ပေးမည့်ပါတီကို ပရိသတ်များသိ မည်ဟု နိုင်းဝမ်းက ပြောသည်။
 
 
Credit : 7Day Daily 
 
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top