iMyanmarHouse.com - Best Property Website for Myanmar
×










အသက်ကြီးကြီး အမျိုးသမီးတွေဟာ သူတို့ ထက် ငယ်ရွယ်လှပတဲ့ အမျိုးသမီးလေးတွေကို မနာလိုတိုရှည် အဖြစ်တတ်ကြဆုံးလို့ ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ငယ်ရွယ်တဲ့လူတွေဟာ အချင်းချင်း မနာလိုစိတ် အများဆုံးရှိပြီး၊ ရွယ်တူ အပေါင်းအသင်းတွေရဲ့ ရုပ်ရည်ရူပကာ၊ အချစ်ရေး၊အိမ်ထောင်ရေး နဲ့ လူမှုဘ၀အောင်မြင်မှု တွေကို မနာလို အဖြစ်ဆုံးဖြစ်တယ်လို့ လေ့လာမှုသစ် တစ်ရပ်က ဆိုပါတယ်။

အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေပါ သူတို့ နဲ့ သက်တူရွယ်တူ၊ယောင်္ကျားသားတွေကို မနာလိုစိတ် ရှိတတ်ကြတယ်လို့ ဆိုပါတယ်။ ဒီသုတေသနလေ့လာမှုကို ကယ်လီဖိုးနီးယားတက္ကသိုလ်က စိတ်ပညာပရော်ဖက်ဆာ Christine Harris နဲ့ ဘွဲ့ ရကျောင်းသူ Nicole Henniger တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခြေခံနဲ့ အသုံးချ လူမှုစိတ်ပညာဂျာနယ်မှာ ဖော်ပြပါရှိခဲ့တာဖြစ်ပါတယ်။

“ မနာလိုစိတ်ဟာ ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခုဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာထုံးတမ်းမှာကိုက မနာလို စိတ်ကို အပြစ်ကြီးခုနစ်ပါးထဲမှာ တစ်ခုအဖြစ်ထည့်သွင်းထားပါတယ်။ မနာလိုစိတ်ဟာ အနုတ် လက္ခဏာ ဆောင်ယုံတင်မကဘဲ တစ်ချို့ ဖြစ်ရပ် အများအပြားရဲ့ အရင်းခံ တစ်ခုလည်းဖြစ်ပါတယ်။ မနာလိုစိတ်ဟာ တစ်ချို့ လူသတ်မှု တွေကနေ Occupy Wall Street လှုပ်ရှားမှုကြီးရဲ့ နောက်ကွယ်ကတွန်းအားတစ်ခု လည်း ဖြစ်ပါတယ်” လို့ ပရော်ဖက်ဆာ Harris က ပြောကြားခဲ့ပါတယ်။

လူပေါင်း ၉၀၀ ကျော်ကိုပြုလုပ်ခဲ့တဲ့လေ့လာမှုမှာ သုံးပုံတစ်ပုံဟာ လွန်ခဲ့တဲ့နှစ်အတွင်း မနာလိုဖြစ်မှုကို ခံစားခဲ့ ရကြောင်း ထွက်ဆိုခဲ့ပြီး၊ အသက် ၃၀ အောက် လူတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ မနာလိုဖြစ်တတ်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒါပေမယ့် ဒီနှုန်းဟာ အသက် ငါးဆယ်အထက်လူတွေမှာ ကျဆင်းခဲ့ပြီး အသက်ငါးဆယ်အထက်လူတွေရဲ့ ၆၉ ရာခိုင်နှုန်းသာ မနာလိုဖြစ်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒီ့အပြင် လူတွေဟာ သူတို့ အသက်နဲ့  အတိုးအလျှော့ ငါးနှစ်အတွင်းက လူတွေကို ဦးတည် မနာလိုဖြစ်တတ်ကြ ကြောင်းလည်း တွေ့ ရှိခဲ့ပါတယ်။

ငယ်ရွယ်သူတွေဟာ ရုပ်ရည် နဲ့ အချစ်ရေး အပြင် ပညာရေးနဲ့ လူမှုရေးအောင်မြင်မှုတွေမှာ မနာလိုအဖြစ်တတ် ဆုံးဖြစ်ပြီး အသက် ၃၀ အောက် လူငယ်တွေရဲ့ ၄၀ ရာခိုင်နှုန်းက သူတို့ နဲ့ ရွယ်တူတွေ အချစ်ရေးစွံတာကို မနာလို ဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

နောက်ဆုံးတွေ့ ရှိမှုအရ လူတွေဟာ သူတို့ ရဲ့မိသားစုဝင် အချင်းချင်းထက်စာရင် မိတ်ဆွေသူငယ်ချင်းတွေကို မနာလို ဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ သင်ရော မနာလိုဖြစ်တတ်သူ တစ်ယောက်လား။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top