အယ်လ်ဘမ်သစ် ရောင်းရငွေထဲက ပရဟိတအဖွဲ့ကို လှူဒါန်းမယ့် ခရစ်ဘရောင်း
အမေရိကန် အဆိုတော်ခရစ်ဘရောင်းသည် မကြာမီထွက်မည့် တေးအယ်လ်ဘမ်သစ် Royalty ရောင်း ရငွေများကို ပရဟိတအဖွဲ့သို့ လှူဒါန်းမည်ဟု နိုဝင်ဘာ ၂၇ ရက်တွင် Insta-gram စာမျက်နှာမှတစ်ဆင့် ကြေညာခဲ့သည်။
R&B အဆိုတော်ခရစ် ဘရောင်းက Royalty အယ်လ် ဘမ်ရောင်းရငွေများကို Children'sMiracle Network ပရဟိတအဖွဲ့ သို့ လှူဒါန်းသွားမည်ဟု Instagr -am ဗီဒီယိုတစ်ခု၌ပြောကြားခဲ့ သည်။ ခရစ္စမတ်မတိုင်မီရောင်းရ သော ယင်းအယ်လ်ဘမ်တစ်ချပ် စီမှ ရောင်းရငွေတစ်ဒေါ်လာကို အဆိုပါပရဟိတအဖွဲ့သို့ လှူဒါန်းမည်ဟု ခရစ်ဘရောင်းကပြော သည်။
Royalty အယ်လ်ဘမ်သည် ခရစ်ဘရောင်း၏သမီးဖြစ်သူ အမည်ကို အစွဲပြုခေါ်ဝေါ်ထား ခြင်းဖြစ်သည်။ ခရစ်ဘရောင်း၏ သတ္တမမြောက်တေးအယ်လ်ဘမ် Royalty ကို ဒီဇင်ဘာ ၁၈ ရက်တွင် ထွက်မည်ဖြစ်သော်လည်း ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။
Credit : 7Day Daily
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...