iMyanmarHouse.com - Best Property Website for Myanmar
×

အားလုံးသိထားပြီးတဲ့အတိုင်း ဆံပင်ကာလာ အရောင်ဖျော့ဖျော့ဆိုးထားတဲ့ သူတွေဟာ ပိုဆွဲဆောင်မှုရှိကြသလို အနက်ရောင်ဆံပင်ဆိုးထားတဲ့သူတွေထက် ပိုပြီးတော့ ငယ်ရွယ်သယောင်လည်း ထင်ခံရလေ့ရှိပါတယ်။  ရွှေရောင်ဖျော့ဖျော့ဆိုးထားသူတွေကတော့ ချမ်းသာတဲ့သူတွေနဲ့ လက်ထပ်ကြလေ့ရှိပါတယ်လို့ ဆိုကြလေ့ရှိပါတယ်။

ဒါဆို ကမ္ဘာအနှံ့က ဆံပင်အနက်ရောင် ဆံကေသာရှင်တွေအတွက် ဒါဟာ သတင်းဆိုးများလား။ ဒါပေမယ့် သင့်ဆံပင်ကို အရောင်ပြောင်းတော့မယ် မစဉ်းစားခင် လေ့လာမှုအသစ်တစ်ခုအကြောင်း ပြောပြပေးချင်ပါတယ်။

ရွှေရောင်ဆံကေသာပိုင်ရှင်တွေဟာ အပျော်အပါးအတွက်သာ ကောင်းပေမယ့် ဆံကေသာ အနက်ရောင်ရှိသူတွေကတော့ တစ်ခုခုဆို လေးနက်စွာ လုပ်ကိုင်လေ့ရှိကြပါတယ်တဲ့။ ဒီလေ့လာမှုဟာ Scandinavian Journal of Psychology ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

လေ့လာမှုအတွက် အသားအရေအသင့်အတင့်နဲ့ ကြည့်ကောင်းတဲ့ အမျိုးသမီးတစ်ဦးက ကလပ်သုံးခုကို တစ်ညစီသွားခဲ့တာပါ။ ပထမညမှာ အနက်ရောင်ဆံကေသာနဲ့ သွားခဲ့တာဖြစ်ပြီး၊ ဒုတိယနေ့မှာတော့  နောက်ကလပ်တစ်ခုကို ရွှေရောင်ဆံပင်နဲ့သွားခဲ့ပါတယ်။ နောက်ဆုံးညမှာတော့ နောက်ထပ်ကလပ်တစ်ခုကို ဆံပင်အနီရောင်ဆိုးပြီး သွားခဲ့တာပါ။ သူပုံစံကြည့်ရတာ သဘာဝကျနေအောင် ဆံပင်ကို ကျွမ်းကျင်တဲ့ ဆံပင်ညှပ်ဆရာက ဆိုးပေးခဲ့တာပါတဲ့။

အမျိုးသားတွေဟာ ရွှေရောင်ဆံပင်ဆိုးတဲ့ညမှာ အဲ့ဒီအမျိုးသမီးနား အတင်းချဉ်းကပ်ခဲ့ကြတာကြောင့် အရောင်ဖျော့ကို သူတို့သဘောကျကြပုံရပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ သုတေသနပညာရှင်တွေက အမျိုးသားတွေကို အဲ့ဒီအမျိုးသမီးရဲ့ ဓာတ်ပုံတွေပြပြီး မေးမြန်းခဲ့တာပါ။ ဆံပင်အနီဆိုးထားတာကိုကြည့်ပြီး အဲ့ဒီအမျိုးသမီးဟာ စိတ်ဆတ်တဲ့ အမျိုးသမီးလို့ အမှတ်ပေးသွားကြပါတယ်။ ရွှေရောင်ဆံပင်နဲ့ပုံကိုကျတော့ သူဟာ အမျိုးသားတွေ လိုအပ်တဲ့ ပျော်စရာတွေကို ယူလာပေးနိုင်မယ့် အမျိုးသမီးတွေလို့ အမှတ်ပေးခဲ့ကြပြီး အနက်ရောင်ဆံပင် ရိုက်ထားတဲ့ပုံကိုတော့ အမျိုးသားတွေက ဒီအမျိုးသမီးဟာ ဥာဏ်ရည်ထက်မြက်ပြီး ဆွဲဆောင်မှုရှိသလို ချဉ်းကပ်ဖို့ကောင်းမွန်တဲ့သူလို့ မှတ်ချက်ပေးသွားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top