iMyanmarHouse.com - Best Property Website for Myanmar
×

လိမ္မော်သီး ဖျော်ရည်ဟာ ကော်ဖီထက် ပိုးနိုးကြားစေကြောင်း သိရပါတယ်။ မနက်မှာ ကော်ဖီသောက်ထားတဲ့သူထက် လိမ္မော်သီး ဖော်ရည် တစ်ခွက် သောက်ထားတဲ့သူဟာ မွမ်းလွဲပိုင်း အချိန်မှာ ပိုပြီးတော့ နိုးကြား ပါတယ်။

၂၄၀ မီလီလီတာ ရှိတဲ့ ဖျော်ရည်ပမာဏကို သောက်သုံးခြင်းက တစ်နေ့တာ အတွက် လုံလောက်ကြောင်း ဆိုပါတယ်။ ယင်း သောက်သုံးမှုကြောင့် လန်းဆန်းနေစေခြင်း၊ အာရုံစူးစိုက်မှု အား ကောင်းစေခြင်း နဲ့ အချိန်ပိုကြာ အလုပ်လုပ်နိုင်ခြင်းတို့ကို တွေ့ရှိရကြောင်း လေ့လာသူများက ဖော်ပြ ပါတယ်။ သူဟာ ဦးနှောက်ဆဲလ်များရဲ့ သွားလာမှုကို ပုံမှန် အတိုင်း ဖြစ်စေပြီး ဦးနှောက်သို့ သွေးလည်ပတ်ရန် ကောင်းစေအောင်လည်း ထောက်ပံ့ကြောင်း ဆိုပါတယ်။

လူငယ် ၂၄ ဦးကို သောက်စေလို့ လက်တွေ့စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး ကော်ဖီထက် ပိုပြီးတော့ ထိရောက်ကြောင်းကို တွေ့ရှိတယ်လို့ European Journal of Nutrition မှ ဆိုပါတယ်။ ခြောက်နာရီကျော် ကြာသွားသည့်တိုင် တက်ကြွနေမှုကို တွေ့ရှိရကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ ကော်ဖီနဲ့ ဓာတ်မတည့်သူများ အနေနဲ့ လိမ္မော်ရည်ကို သောက်သုံးသင့်ကြောင်း အကြံပေးထား ပါတယ်။

Credit  : yoyarlay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top