iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအမျိုးသမီးကို မြင်လိုက်တိုင်း အမြဲတမ်းစတိုင်လ်ကျနေတာပဲ။ ဖက်ရှင်ကလည်း ဘာဆိုဘာမှ ပြောစရာမလိုဘူး။ ကြည့်ကောင်းလိုက်တာလို့ စတိုင်လ်ကျနေတဲ့ မိန်းကလေးတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ကြည့်ပြီး သင်တွေးမိကောင်း တွေးမိနိုင်ပါတယ်။ သူမဟာ ဒီလိုစတိုင်လ်ကျကျ လှပနေအောင် အမြဲလုပ်ဆောင်ကျင့်သုံးနေတဲ့အရာတွေ ရှိသလို၊ သူတို့ရဲ့သူများနဲ့မတူတဲ့ အကျင့်လေးတွေလည်း ရှိနေတတ်ပါတယ်။ အဲ့ဒါတွေကတော့

၁။တစ်ညအလို သူတို့ ၀တ်စားမယ့်ဝတ်စုံကို အမြဲစဉ်းစားစီစဉ်ထားတတ်ကြတယ်။

စတိုင်လ်ကျတဲ့ အမျိုးသမီးအများစုဟာ အိပ်ယာနိုး၊ ရေမိုးချိုးပြီးမှ တွေ့ရာအကျီအ၀တ်အစားကို ကောက်ဝတ်သွားတာမျိုး ရှားပါတယ်။ အနည်းဆုံး မနက်ဖြန် ဘာဝတ်ရမယ်ဆိုတာကို ညကတည်းက ကြိုစဉ်းစားတတ်ကြပါတယ်။ ဒါဟာ ၀ရုန်းသုန်းကားဖြစ်ပြီး စိတ်အလိုမကျဖြစ်ခြင်းကလည်း ကာကွယ်ပေးနိုင်တယ်လေ။

၂။သူတို့ပြင်ဆင်ချိန်ရအောင် အချိန်ပိုယူတတ်ကြတယ်။

သူတို့ဟာ သူတို့ ပြင်ဆင်ချိန်အတွက် အချိန်ပိုယူတတ်ကြပါတယ်။ ကပ်ပြီးလုပ်တဲ့အကျင့်မျိုးကို ဖျောက်ပစ်တတ်ကြပါတယ်။ ဆံပင်အတွက် ပြင်ဆင်ချိန်၊ မိတ်ကပ်လိမ်းချိန်၊ အ၀တ်အစားလဲလှယ်ဖို့ အချိန် စသဖြင့် အချိန်ကို ကြိုတင်တွက်ချက်ပြီးတော့မှသာ လုပ်ဆောင်လေ့ရှိပါတယ်။

၃။မှန်ကန်သင့်တော်တဲ့ အတွင်းခံကို ရွေးတတ်ကြတယ်။

စတိုင်လ်ကျတဲ့ အမျိုးသမီးတွေဟာ သူတို့ဖက်ရှင်ကျဖို့အတွက် အရေးအကြီးဆုံးထဲမှာ အတွင်းခံရွေးချယ်မှု မှန်ကန်စေဖို့ကိုလည်း ဂရုစိုက်လေ့ရှိကြပါတယ်။ ဒီအရာက သူတို့ဖက်ရှင်ကျ၊ စတိုင်လ်ကျဖို့ ဘယ်လောက်ထိအရေးပါ တယ်ဆိုတာ သူတို့သိကြတာကိုး။

၎။သူတို့အမြဲအားကျရတဲ့သူတစ်ယောက်ကို စံထားပြီး ငါဘယ်လိုဝတ်ဆင်ရင် ကောင်းမလဲဆိုတာမျိုး တွေးတတ်ကြတယ်။

ဖက်ရှင်နဲ့ပတ်သက်ပြီး ဖက်ရှင်ကျကျနေတတ်သူတွေဆီမှာလည်း သူတို့အားကျရတဲ့သူတွေ၊ ဖက်ရှင်နဲ့ပတ်သက်ပြီး အိုင်ဒီယာရအောင် အမြဲလေ့လာရတဲ့သူတွေ ရှိနေပါတယ်။ အဲ့ဒီကမှ ငါဆိုရင် သူ့လိုဝတ်ထားပြီးမှ ဘယ်နားလေးကိုတော့ ဘယ်လိုလုပ်လိုက်မယ်ဆိုတဲ့ အိုင်ဒီယာတွေ ထပ်ကွန့်မြုးတတ်ကြတာပါ။

၅။ရာသီဥတုနဲ့ ပွဲအနေအထားကိုကြည့်ပြီး ၀တ်ဆင်တတ်ကြတယ်။

စတိုင်လ်ကျကျနေတတ်သူတွေဟာ ရာသီဥတုအခြေအနေကို ကြည့်ပြီး လိုက်လျောညီထွေမှုရှိအောင် အမြဲဝတ်စားတတ်ကြပါတယ်။ ဒါ့အပြင် ကိုယ်တတ်ရမယ့် ပွဲအနေအထားကို ကြည့်ပြီးတော့လည်း အလိုက်ဖက်ဆုံးဒီဇိုင်းတွေကို ရှာဖွေ ၀တ်ဆင်တတ်ကြပါတယ်။

၆။ရိုးရိုးလေး ၀တ်စားထားပေမယ့် အမြဲကြည့်ကောင်းနေအောင် ၀တ်ဆင်တတ်တယ်။

ဂျင်းဘောင်းဘီနဲ့ တီရှပ်လေး ၀တ်ပြီး ဘာလို့များ အထာကျနေရတာပါလိမ့်လို့ တွေးမိသွားရလောက်အောင် သူတို့ဟာ သူတို့နဲ့ လိုက်ဖက်တာကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ သိကြပါတယ်။ ရိုးရိုးလေး ၀တ်ပြီး ကြည့်ကောင်း နေအောင် အမြဲဝတ်ဆင်လေ့ရှိပါတယ်။

၇။ပြီးပြည့်စုံတဲ့ အဆင်တန်ဆာကို ရွေးချယ်တတ်တယ်။

ကိုယ်နဲ့လိုက်ဖက်ပြီး ခေတ်နဲ့လည်းညီမယ်။ ချစ်ဖို့လည်းကောင်းမယ့် အဆင်တန်ဆာတွေကို အမြဲရွေးချယ် ၀တ်ယူထားတတ်ပြီး ကိုယ်ဝတ်တဲ့ အ၀တ်အစားနဲ့ လိုက်ဖက်အောင် ၀တ်ဆင်တတ်ကြပါတယ်။

၈။အ၀တ်အစားအကောင်းကြီးတွေ ၀တ်ပြီး တစ်နေရာမှာ မှီချလိုက်တာ၊ အိပ်ပစ်လိုက်တာမျိုး မလုပ်တတ်ကြဘူး။

စတိုင်လ်ကျတဲ့ အမျိုးသမီးတွေရဲ့ အကျီတွေဟာ တွန့်ကြေပြီး အခြေအနေဆိုးဆိုးဝါးဝါး ဘယ်တော့မှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ သူတို့အပြင်သွားဖို့ ပြင်ဆင်ထားတဲ့ အ၀တ်အစားမျိုးနဲ့ ရောက်တဲ့နေရာမှာ မှီချ၊ လှဲချ၊ အိပ်ပစ်လိုက်တာမျိုး ဘယ်တော့မှ မလုပ်လို့ပါပဲ။

၉။ဘယ်အချိန်မှာ ဒေါက်မြင့်ဖိနပ်စီးသင့်သလဲ၊ ဘယ်အချိန်မှာ ဖိနပ်အပါးလေး ၀တ်သင့်သလဲ သူတို့သိကြပါတယ်။

ကိုယ်သွားမယ့်နေရာ၊ ကိုယ်သွားရမယ့်ပွဲအနေအထား၊ ဘယ်လိုသွားရမလဲစတာတွေကို အမြဲထည့်စဉ်းစားတတ်တဲ့ စတိုင်လ်ကျကျ နေတတ်သူတွေက သူတို့စီးရမယ့်၊ ရွေးချယ်သင့်တဲ့ ဖိနပ်အမျိုးအစားတွေကိုလည်း သိနေပြန်ရော။

၁၀။ကိုယ့်ရဲ့လူနေမှုပုံစံက ဘယ်လိုဆိုတဲ့အပေါ် မူတည်ပြီး နေ့စဉ်ဝတ်စားရမယ့်အရာတွေကို စတိုင်လ်ကျအောင် ၀တ်ဆင်တတ်တယ်။

သူတို့ရဲ့နေ့စဉ်ကျင်လည်နေရတဲ့ နေရာအနေအထားကိုလိုက်ပြီး ဘယ်လိုမှ ကီးမကိုက်တဲ့ အ၀တ်အစားမျိုးတွေ မရွေးချယ်ပဲ ကိုယ့်အနေအထားနဲ့ လိုက်ဖက်တဲ့ အ၀တ်အစားမျိုးကိုသာ ၀တ်ဆင်လေ့ရှိကြပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top