၁။ နာရီကိုအမြဲကြည့်တတ်နေပါပြီ။
- အလုပ်မှာ
အချိန်တွေကုန်တာနှေးလွန်းတယ်လို.သင်စထင်လာပါပြီ။
နေရတဲ့အချိန်တွေမှာလည်းစိတ်ကမပျော်တော့ဘဲ၊ ပျင်းရိစိတ်ညစ်ရာကနေ
အိမ် ပြန်လို.ရမယ့်အချိန်ကိုပဲ မျှော်လင့်နေပါမယ်။
၂။ ခေါင်းအေးလွန်း (သို.) ခေါင်းပူလွန်းသလိုခံစားလာရပါတယ်။
-
လုပ်ရတဲ့အလုပ်က လွယ်လွန်းတယ် (ဒါမှမဟုတ်) ခက်လွန်းတယ်လို.ထင်လာပါမယ်။
ဘာစိတ်လှုပ်ရှားစရာမှမရှိတော့ဘဲ ပျင်းစရာကောင်းတယ်လို.ထင်လာပြီး
ဝင်ငွေရတာမှန်ပေမယ့် ငါ့ဘ၀ကဒီအလုပ်လုပ်ရင်းနဲ.ပဲကုန်ဆုံးရမှာလား
ဆိုတဲ့အတွေးမျိုးတွေတွေးမိလာပါတယ်။၁၀တန်းကျောင်းသားတစ်ယောက်က
၎တန်းသင်ခန်းစာတွေလုပ်နေရသလို ဘာမှတိုးတက်လာစရာမရှိဘူးလို.လည်းထင်လာပါမယ်။
ဒါမှမဟုတ်ရင်လည်း ၄တန်းကလေးကို ၁၀တန်းစာတွေလုပ်ခိုင်းသလို
အရမ်းကိုပင်ပန်းဒုက္ခဖြစ်နေပါမယ်။ ၀န်ပိနေပေမယ့်လည်း
ကိုယ်လုပ်နိုင်တယ်လို.ဟန်ဆောင်နေရာကနေ
ကြာတော့ဘယ်လိုမှဆက်တောင့်မခံနိုင်တော့ပါဘူး။ အဲ့လိုဆိုရင်တော့ဟန်ဆောင်မနေဘဲ
ကိုယ့်ကိုယ်ကိုဝန်ခံပြီး လုပ်သင့်တာလုပ်လိုက်တာအကောင်းဆုံးပါပဲ။
၃။ ကိုယ့်ကိုကူညီဖေးမပြီး နှစ်သိမ့်တဲ့သူက ကိုယ်ကိုယ်တိုင်ပဲရှိပါတော့တယ်။
-
ဘယ်သူကမှသင့်ကိုတန်ဖိုးထားလက်ခံပြီး ဂုဏ်ပြုချီးကျူးတာမျိုးမရှိတော့ပါဘူး။
သင့်ကိုသိပ်အလေးမထားတော့တာကိုဆိုလိုတာပါ။ ပိုဆိုးတာက
သင့်အပေါ်မကောင်းမြင်တဲ့သူ၊ အဖျက်စကားပြောတဲ့သူတွေပဲ
ပတ်ဝန်းကျင်မှာရှိနေပါတော့တယ်။
ကိုယ့်ကိုနှစ်သိမ့်တဲ့သူကလည်းကိုယ်ကိုယ်တိုင်ပဲ၊
ဂုဏ်ပြုချီးမွမ်းတဲ့သူကလည်းကိုယ်ပါပဲ။ အဲ့လိုအခြေအနေမျိုးမှာ ရေရှည်နေပြီး
လုပ်ကိုင်နိုင်ဖို.ဆိုတာ အရမ်းကိုခက်ခဲလွန်းသွားပါပြီ။
အပေါ်ကအချက်
(၃)ချက်မှာ တစ်ချက်ချက်လောက်စတင်ခံစားမိလာတယ်ဆိုရင်ပဲ သင်ကိုယ့်ကိုယ်ကို
သေချာပြန်စမ်းစစ်ဖို.လိုနေပါပြီ။ (၃)ချက်လုံးကိုက်ညီနေတယ်ဆိုရင်တော့
မိတ်ဆွေ..... သင် သင့်အရည်အချင်းနဲ.ကိုက်ညီပြီး
အလုပ်လုပ်လို.အဆင်ပြေနိုင်တဲ့ပတ်ဝန်းကျင်မျိုးရှိမယ့်
အခြားအလုပ်တစ်ခုကိုပြောင်းဖို. စဉ်းစားသင့်တာသေချာသွားပါပြီ။
Credit: Wilson Chan (YK)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သင့်လက်ရှိအလုပ်ကနေပြောင်းဖို. သေချာစေတဲ့အချက် (၃)ချက်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။