iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်စရာကောင်းတဲ့ကြော်ငြာတွေကိုလဲရိုက်ဖြစ်နေသလို လက်ရှိမကြာသေးခင်ကမှ ဇေရဲထက်နဲ့ချောင်းသာမှာ ကားရိုက်ပြီးပြန်လာတဲ့ ခင်ဝင့်ဝါနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်သမျှက

-ဒီနေ့ရိုက်တဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

စိတ်ကြိုးပြတ် နတ်မိမယ်တဲ့။ ဒါရိုက်တာက ကိုသားညီ၊ မင်းသားက ကိုဇေရဲထက်ပေါ့။ ဒီကားထဲမှာ ညီမက ကိုယ့်ချစ်သူကို အရမ်းချစ်ပြီး အရမ်းသ၀န်တိုတတ်တဲ့ ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။

-      အရှေ့မှာ ချောင်းသာမှာ သွားရိုက်ထားတာလဲတွေ့ရတယ်။ အဲ့ဒီအကြောင်းလေးကိုလဲ ပြောပြပေးပါဦး။

ချောင်းသာမှာ ၂ကားသွားရိုက်ထားတယ်။ ကိုဇေရဲထက်နဲ့ပါပဲ။ ဟာသကားတစ်ကားရယ်၊ ဟာသဒရာမာကားတစ်ကားရယ်ပါ။ ဒါရိုက်တာက ကိုကျော်ဇောလင်းပါ။ ပထမကားက ညီမချောင်းသာမှာ ပုဇွန်ကင်၊ငါးကင်ရောင်းတဲ့ကောင်မလေးပေါ့။ အဲ့ဒီကာရိုက်တာက ညီမအရှေ့မှာလဲရိုက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ taste ချင်းတော့မတူဘူးပေါ့။

-ဒီနှစ်ထဲမှာကားကြီးအနေနဲ့ရော ဘယ်နှကားရိုက်ဖြစ်လဲ။

၂ကားပဲရိုက်ဖြစ်ပါသေးတယ်။ ရှယ်ချွေးမရယ်၊ ချိုမြိန်သောလက်စားချေခြင်းရယ်ပါ။ ပြောထားတာတွေတော့ရှိသေးတယ်။ Comfirm ဖြစ်ရင်ပြောပြပါ့မယ်။

-အရှေ့မှာထွက်ခဲ့တဲ့ကိုကိုဆိုတဲ့ကားလေးကိုဆိုလဲ ပရိသတ်တွေကြိုက်ကြတယ်နော်။

အဲ့ဒီကားလေးက ဒရာမာကားလေးပေါ့။ အဲ့ဒီအတွက်ကြောင့် ပရိသတ်ကြိုက်တယ်ဆိုတာသိရတော့ ညီမ၀မ်းသာပါတယ်။ ဒါပေမဲ့ညီမအနေနဲ့ကြိုးစားဖို့အများကြီး လိုအပ်သေးတာပေါ့။ ပရိသတ်တွေကြိုက်တယ်ဆိုတဲ့အတွက်ညီမအနေနဲ့ပဲ ကြိုးစားရတာပိုပြီးအားရှိတာပေါ့။

-ဆံပင်ကာလာရော ပြန်ချိန်းဖြစ်ဦးမလား။

ချိန်းဖြစ်မယ်အမ။ ဘာလို့လဲဆိုတော့ ဒီအရောင်က ညီမဇာတ်ကားကာရိုက်တာအရချိန်းခဲ့တာဆိုတော့ ဒီကားရိုက်ပြီးရင်အရောင်ပြန်ချိန်းဖြစ်မှာပါ။

-ဒါပြီးရင်လက်ခံထားတာတွေကဘာတွေဖြစ်မလဲ။

ကြော်ငြာရိုက်တွေရှိမယ်။ နောက်ဗီဒီယိုကားလေးတွေလက်ခံထားတာရှိတယ်။ ကားကြီးလဲပြောထားတာရှိပါတယ်။

-ကြော်ငြာပိုင်းနဲ့ပတ်သက်ပြီး ဘန်ကောက်မှာအမြဲသွားရိုက်ရတာတွေ့ရတယ်။ အဲ့ဒီအပိုင်းလေးနဲ့ပတ်သက်ပြီးတော့လဲ သိချင်ပါတယ်။

ဒါကတော့ ကိုယ့်ကိုလာငှားတဲ့ ကြော်ငြာရှင် သူကချိတ်ဆက်ပေးတဲ့ ဒါရိုက်တာပေါ့။ ဥပမာ Line ဆိုလဲ ထိုင်းကပေါ့။ Black Cayon ဆိုလဲ မြန်မာဒါရိုက်တာ ကိုအာကာတို့နဲ့ရိုက်တယ်။ များသောအားဖြင့် ကြော်ငြာရှင်တွေက သူတို့ရွေးပေးတဲ့ဒါရိုက်တာတွေနဲ့ရိုက်ရတာများပါတယ်။ ဘယ်ဒါရိုက်တာနဲ့ပဲရိုက်ရိုက်အဆင်ပြေပါတယ်။ ကိုယ်လဲပညာရသလို ဟိုမှာသွားရိုက်တဲ့အခါကျတော့ ကိုယ့်အတွက်အတွေ့အကြုံသစ်တွေလဲရတာပေါ့။

              -ခင်ဝင့်ဝါ ဟိုမှာရိုက်တဲ့ကြော်ငြာလေးတွေဆို ပရိသတ်တော်တော်များများကြိုက်ကြတယ်။

ဒါကလဲ ဒါရိုက်တာရဲ့အမြင်ရယ်၊ ကိုယ်ကိုတိုင်လဲ ကိုယ်ကြော်ငြာရမဲ့ ကုန်ပစ္စည်းကို ရင်းနှီးအောင်၊ ချစ်အောင်၊လူစိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲဆိုတာကိုစဉ်းစားပြီးရိုက်ဖြစ်တယ်။ အဲ့ဒီအတွက်လဲပရိသတ်တွေကညီမရဲ့ကြော်ငြာလေးတွေကြိုက်တယ်လို့ပြန်ကြားရတဲ့အတွက်ဝမ်းသာပါတယ်။

-ဒီနှစ်ထဲမှာ ဗီဒီယိုရိုက်ကူးမှုကပုံမှန်ပဲလား။ များတယ်လို့ပြောလို့ရလား။

ညီမပုံမှန်ပဲရိုက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ပင်ပန်းတာတွေဘာတွေကို နားဖို့အတွက် အချိန်ယူဖြစ်တာကြောင့်လဲပါတယ်။ အများကြီးတော့မရိုက်ဘူး။ ကြော်ငာနဲ့ကားရိုက်နဲ့ကိုပဲမျှပြီးရိုက်ဖြစ်ပါတယ်။

-ဖေ့စ်ဘုတ်ကိုရောသုံးဖြစ်လား။ ဖေ့စ်ဘုတ်သုံးခြင်းရဲ့ ကောင်းခြင်းဆိုးခြင်းလေးတွေကိုလဲ ဝေမျှပေးပါဦး။

အစကညီမဖေ့စ်ဘုတ်ကို မသုံးတော့ဘူးလို့စဉ်းစားထားတာ အကောင့်ကလဲ ညီမနာမည်အရင်းမဟုတ်တော့ လော့ခ်ကျသွားတယ်။ ဖေ့စ်ဘုတ်နဲ့ကျတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်ရှိဖို့အတွက်ညီမသုံးတာပေါ့နော်။ ညီမရဲ့ အနုပညာလှုပ်ရှားမှုတွေအကုန်လုံးကို ပရိသတ်တွေကလဲသိချင်ကြတယ်။ ကိုယ်ကလဲ ပရိသတ်နဲ့အဆက်အသွယ်မပြတ်ဖို့သုံးတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ကိုယ့်ကို မုန်းတဲ့ပရိသတ်တွေကျတော့ မကောင်းတဲ့အမြင်တွေနဲ့ဝေဖန်ပြီးရေးကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဖေစ့်ဘုတ်က ပရိသတ်တွေနဲ့ရင်းနှီးကျွမ်းဝင်ချင်လို့ပဲသုံးတာပါ။ ဖေ့စ်ဘုတ်ကစိတ်အနှောင့်အယှက်တော့ရှိတယ်။ ဒါပေမဲ့ ပရိသတ်အတွက်ပဲ သုံးတာဆိုတော့ လေ။ ညီမ line လဲသုံးတယ်။ ဒါပေမဲ့ ဒီလောကထဲဝင်ရင်တော့ ဝေဖန်တာတွေ ချီးကျူးတာတွေလက်ခံနိုင်ရမှာပေါ။ အဲ့ဒါကြောင့် နဂိုကတည်းက ခံနိုင်ရည်ရှိအောင်ကြိုးစား ထားတယ်။ နောက်ပိုင်းလဲရင်ဆိုင်ရမှာပေါ့။ အဲ့ဒီအတွက်လဲ အကောင်းဆုံးပြင်ဆင်ထားပါတယ်။

-ဒီဇင်ဘာကျရင်ရော ဘာအစီအစဉ်တွေရှိမလဲ။

ခရီးသွားရင်လဲသွားဖြစ်မယ်ထင်ပါတယ်။ မပြောတတ်သေးပါဘူး။ ရန်ကုန်မှာပဲရှိရင်လဲရှိမယ်။ အလုပ်နဲ့လဲဖြစ်ရင်ဖြစ်မယ်။ ဒီတိုင်းလဲဖြစ်ရင်ဖြစ်မယ်။ အတိအကျတော့မပြောတတ်သေးပါဘူး။ ဒါပေမဲ့ မသေချာသေးပါဘူး။

-တန်ဆောင်တိုင်ကရော ဘယ်မှာရှိမလဲ။

ဒီတိုင်းပါပဲ။ အနုပညာအလုပ်တွေလုပ်ရင်းနဲ့ပဲဖြတ်သန်းသွားမှာပါ။ ငယ်ငယ်တုန်းကတော့ တန်ဆောင်တိုင်၊ သီတင်းကျွတ်ဆို မီးရှူးမီးပန်းတွေလွှတ်ရတာကို ပျော်တယ်။ အခုနောက်ပိုင်း လူကြီးသူမတွေကို ကန်တော့တယ်။ ဂါရ၀ပြုတယ်။ ဘုရားသွားတယ်။ အလှူအတန်းလုပ်တယ်။ ဒီအလုပ်လုပ်တယ်။ ဒါပါပဲ။

-၂၀၁၅ တစ်နှစ်လုံးကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် အားနည်းချက်အားသာချက်အရ ဘာတွေတွေ့ရမလဲ။

အားမရဘူး။ အားနည်းချက်တွေရှိနေသေးတယ်လို့ပဲမြင်ပါတယ် ။လိုအပ်နေသေးတယ်လို့ပဲမြင်ပါတယ်။ အဲ့ဒါကြောင့် ၂၀၁၅ ကုန်လို့၂၀၁၆ ထဲရောက်တဲ့အခါမှာလဲ အများကြီးကြိုးစားသွားမယ်လို့စဉ်းစားထားတယ်။ အခုလဲအများကြီးကြိုးစားနေပါတယ်။ အများကြီးလဲလိုအပ်နေပါသေးတယ်။ လို့ပြောပြခဲ့ပါတယ်။

Credit  :Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top