စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေဟာ သူတို့ချစ်သူကို ဒါတွေလုပ်ပေးဖို့ ဘယ်တော့မှ တောင်းဆိုလေ့မရှိတာ
စိတ်ဓာတ်ခိုင်မာတဲ့
အမျိုးသမီးတွေဟာ သူတို့ချစ်သူကို တစ်စုံတစ်ခု မတောင်းဆိုခင်
တွေးခေါ်ဆင်ခြင်တတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း
အဲ့ဒီတွေးခေါ်တဲ့အပိုင်းထိတောင် မရောက်လိုက်ကြပါဘူး။ စိတ်ပြတ်သားတယ်လို့ပဲ
ပြောရမလား အမျိုးသမီးတော်တော်များများ ပြုမူလေ့ရှိတဲ့၊ ချစ်သူကို
လုပ်ခိုင်းလေ့ရှိတဲ့အရာတွေနဲ့ သွေဖယ်ပြုမူလုပ်ဆောင်လေ့ရှိနေကြပါတယ်။ ဒါဟာ
အတင်းလုပ်ယူနေတာမျိုးလည်း မဟုတ်ကြပါဘူး။ သူတို့ရဲ့မာတဲ့စိတ်၊
ပြတ်သားတဲ့စိတ်တွေကြောင့် ဖြစ်လာတဲ့အရာတွေပါ။
၁။ဒါလေးလုပ်ပေးပါလားလို့ မတောင်းဆိုတတ်ကြပါဘူး။
ချစ်သူက အလိုက်သိလို့ လုပ်ပေးသွားတာမျိုးဆိုရင်တော့
သူတို့လက်ခံကြပါလိမ့်မယ်။ ဒါပေမယ့် အကူအညီတောင်းခံသလိုမျိုး ချစ်ကို
ဒါလေးလုပ်ပေးနိုင်မလား၊ ကူညီပေးပါလားရယ်တော့ သူတို့မေးမှာမဟုတ်ပါဘူး။
၂။သူမရဲ့သူငယ်ချင်းတွေထဲက ဘယ်သူကဆွဲဆောင်မှုရှိသလဲဆိုပြီး မမေးတတ်ကြပါဘူး။
အတွဲတွေတိုင်းမှာ ပြောတတ်ကြတဲ့ သူငယ်ချင်းတွေထဲက ဘယ်သူကတော့ဖြင့်
ဘယ်လိုမိုက်တာ၊ ဘယ်သူကတော့ဖြင့် မမိုက်ဘူး ဆိုတာတွေကို
သူတို့မေးမှာပြောနေမှာ မဟုတ်ပါဘူး။
၃။သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန်ကို လျှော့ဖို့ တွန်းအားပေးမှာ
မဟုတ်ပါဘူး။
သူမဟာ သင်ဘာကြောင့်အပြင်မှာ အဲ့ဒီလောက်အကြာကြီး သူငယ်ချင်းတွေနဲ့
အချိန်ဖြုန်းနေသလဲဆိုပြီး ပြသနာရှာတတ်တဲ့သူတော့ မဟုတ်ပါဘူး။
ကိုယ်သင့်တော်မယ်၊ အဆင်ပြေမယ်ထင်တဲ့အရာမျိုးကို
ဝင်စွက်ဖက်ပြောဆိုတာမျိုးထက် ကိုယ့်ဘာသာ
ကိုယ့်စိတ်ကြိုက်နေထိုင်တာမျိုးကိုသာ ပိုလိုလားပါလိမ့်မယ်။
၎။သူဘယ်ပါတီ၊ ဒင်နာသွားသွား ခေါ်သွားလို့ ပြောမှာ မဟုတ်ပါဘူး။
ချစ်သူကောင်လေးဘေးမှာ တကပ်ကပ်နဲ့သွားတဲ့နေရာတိုင်း
လိုက်နေမယ့်လူစားမျိုးတော့ မဟုတ်ပါဘူး။ သင့်တော်မယ်၊ မဖြစ်မနေ
လိုက်သင့်တဲ့ပွဲမျိုးဆိုရင်တော့ သူမ ဘယ်တော့မှ မငြင်းပဲ သင့်ဘေးမှာ
ရှိပေးမှာပါ။
၅။သင့်ရဲ့အကျင့်စရိုက် ပြောင်းလဲဖို့ ပြောဆိုမှာ၊ တွန်းအားပေးမှာ
မဟုတ်ပါဘူး။
သင့်ရဲ့အမူအကျင့်၊ အပြင်အဆင်၊ စရိုက် စတာတွေ၊ သူငယ်ချင်းအပေါင်းအသင်းနဲ့
ပတ်သက်တာမျိုးတွေကို ဘယ်ဟာတော့ ပြင်သင့်တယ်၊ ဘယ်ဟာတော့ မလုပ်သင့်ဘူး။
ပြောင်းလဲပစ်ရမယ်ဆိုတာမျိုး သူမ ဖွင့်ဟလာမှာ မဟုတ်ပါဘူး။
သင့်ကိုယ်တိုင်ပြောင်းလဲတာမျိုးကသာ အကောင်းဆုံးဆိုတာ သူမ သိနေပါတယ်။
၆။ဆိုရှယ်မီဒီယာမှာ နှစ်ယောက်သားပုံတွေ အတူတွဲတင်ဖို့ ပြောဆိုနေမှာ
မဟုတ်ပါဘူး။
သင်က ဖေ့စ်ဘွတ်ခ်၊ instagram သုံးတယ်ဆိုရင်လည်း သင့်စိတ်တိုင်းကျ
သုံးခွင့်ပြုထားပါလိမ့်မယ်။ သူနဲ့စုံတွဲပုံတွေတင်ရင် အပြစ်ပြောမှာ
မဟုတ်သလို မတင်လို့လည်း ဘာ့ကြောင့်မတင်ရသလဲဆိုပြီး ပြသနာရှာမယ့်သူ
မဟုတ်ပါဘူး။
၇။သူငယ်ချင်းအတွဲနဲ့အတူ လျှောက်လည်ဖို့ ပြောမှာ မဟုတ်ပါဘူး။
သူငယ်ချင်းအတွဲက ဘာလုပ်မှာမို့၊ ကိုယ်တွေလည်း သူတို့နဲ့အတူ ဘာလုပ်မယ်
ဆိုတာမျိုး သင့်ကို ညှိုမှာ မဟုတ်ပါဘူး။ ဒါမျိုးကို စိတ်ရှုပ်စရာလို့တောင်
ထင်ချင်ထင်နေပါဦးမယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...