iMyanmarHouse.com - Best Property Website for Myanmar
×














အချစ်ဆိုတာ ခက်ခဲနက်နဲပါတယ်။ ချစ်ခြင်းရဲ့ စွဲကပ်ခြင်းနဲ့ အတူနီးကပ်လိုခြင်း ဖြစ်ရပ်တွေ၊ ကြောက်စိတ်၊ လန့်စိတ်ရဲ့ ကစားချက်၊ ဆန္ဒနဲ့ စိတ်မကျေနပ်မှု၊ လွမ်းခြင်းနဲ့ လိုအပ်ခြင်းတွေ ဆိုတာတွေက ကျွန်တော်တို့ရဲ့ အချစ်စိတ်သဘာဝကို မီးမောင်းထိုးပြနေပါတယ်။ ကျွန်တော်တို့ရဲ့ မသိစိတ်ထဲမှာ ဟာနေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်သူတွေနဲ့ ကျွန်တော်တို့ ချစ်ကျွမ်းဝင်ကြတာပါ။

စိတ်ပညာရှင် Adam Phillips ဟာ ဒီ မသေချာတဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်ဖက်ပိတ်စိတ်ပညာလေးအကြောင်းကို သူ့ရဲ့ " Missing Out: In Praise of the Unlived Life " ထဲမှာ ရေးသားခဲ့ပါတယ်။

" ချစ်ဇာတ်လမ်းအားလုံးဟာ လိုအပ်ခြင်းရဲ့ ပုံပြင်တွေပါပဲ။ ချစ်ကျွမ်းဝင်ဖို့ဟာ သင်ကိုယ်တိုင်တောင် မသိတဲ့ သင့်ရဲ့ အတွင်းစိတ်က အိပ်ပျော်နေတဲ့ လိုအပ်ချက် တစ်စုံတစ်ရာကို သင့်ကို ပြန်ပြီး ပြောပြလိုက်ကာ လှုပ်နှိုးလိုက်သလိုပါပဲ။သင် တစ်စုံတစ်ယောက်ကို လိုချင်တယ်။ တစ်စုံတစ်ရာကို လိုအပ်နေတယ်။ ပြီးတော့ အဲဒီ တစ်စုံတစ်ရာဟာ သင့်ချစ်သူဆီမှာ ရှိနေပါတယ်။ သင့်ချစ်သူနဲ့ တွေ့လိုက်ရတာဟာ သင့်လိုအပ်ချက်ကို သင့်ကို ပြန်ပြောပြလိုက်သလိုဖြစ်သွားပြီးနောက်မှာ လိုချင်စိတ်ဟာ အသစ်ပြန်ဖြစ်လာပါတယ်။ ပြီးတော့ လိုချင် တပ်မက်စိတ်တွေနဲ့ ရရှိခဲ့ရင် ကျေနပ်စိတ်တွေ ပူးတွဲ ဖြစ်ပေါ်လာပါတယ်။

သင်ဟာ တစ်စုံတစ်ရာကို လိုအပ်နေပေမယ့် အဲဒါကို လုံးဝ သတိမထားမိပါဘူး။ ဒါပေမယ့် သင့်လိုအပ်ချက် ရှိနေတဲ့ တစ်စုံတစ်ရာကို တွေ့ရင် လိုအပ်ချက်ကို သိလာပါတယ်။ အိပ်မက်ထဲမှာဆိုရင် လိုအပ်တာတွေကို ရရှိနေတတ်လို့ သင့်ချစ်သူဟာ သင့်အိပ်မက်ထဲက လူပါပဲ။ သူတို့ကို မတွေ့ခင် သင် ကြိုပြီး အိပ်မက်ထဲမှာ ရင်းနှီးဖူးမှာပါ။ အဲဒါကြောင့် တွေ့တွေ့ခြင်းပဲ ရင်းနှီးသွားရတာပါ။ ရင်းနှီးပေမယ့် အခုမှတွေ့ရတော့ အနည်းငယ် သူစိမ်းဆန်နေပါတယ်။ ထူးဆန်းနေပါတယ်။ သူတို့ဟာ ရင်းနှီးထူးဆန်းတဲ့ အရာတွေပါပဲ။"
အဲဒီ ရင်းနှီးမှုနဲ့ ထူးဆန်းမှုဟာ ရရှိမှုနဲ့ လိုအပ်မှုကို ကိုယ်စားပြုပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ချစ်သူတွေအနားမှာ နေရရင် ရရှိမှုကြောင့် ကျေနပ်စိတ် ဖြစ်ပေါ်လာပြီး သူ မရှိခဲ့ရင်တော့ လိုအပ်စိတ် "အလွမ်စိတ်" ဖြစ်ပေါ်လာရပါတယ်။

" သင့်အိမ်မက်ထဲကသူနဲ့ ဘယ်လောက်ပဲ တွေ့ချင်တွေ့ချင် အပြင်မှာ တွေ့လိုက်ပြီးတဲ့ ခဏမှာတော့ သင် သူ့ကို စလွမ်းတော့မှာပါပဲ။ မတွေ့ခင်ကတည်းက ချစ်သူကို လွမ်းနေတာ၊ လိုအပ်နေတာမျိုး ရှိနိုင်ပေမယ့် လုံးဝ လွမ်းစိတ်ကို အပြည့်အစုံ ခံစားနိုင်ဖို့ကတော့ နှစ်ဦးနှစ်ယောက် တွေ့ဆုံပြီးမှပါ။"
အချစ်စိတ်နဲ့ လွမ်းစိတ်ဟာ သင် လိုအပ်နေတဲ့ တစ်စုံတစ်ရာကို ရှာဖွေဖို့၊ ဖော်ပြဖို့၊ ပိုင်ဆိုင်ဖို့ တွန်းအားပေးချက်၊ ကြိုးစားချက်တွေပါပဲ။

Credit :Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top