iMyanmarHouse.com - Best Property Website for Myanmar
×

အလှအပရေးရာအတွက် ဒီတစ်ခါတော့ ဗီတာမင်စီအကြောင်းကို အချိန်အနည်းငယ်ပေးပြီး ဖော်ပြ။ ဗီတာမင်စီဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်အတွက် ဘာကြောင့်များ အရေးတကြီးလိုအပ်ရတာလဲ။ အထူးသဖြင့်တော့ အန်တီအောက်ဆီးဒင့် ဓါတ်တွေက ကျွန်ုပ်တို့ ခန္ဓာကိုယ်ကို တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိနေအောင် ပူးကပ်ပေးထားတဲ့ ကော်လို ဂုဏ်သတ္တိနဲ့တူပါတယ်။ ဒါပေမယ့်လည်း ဗီတာမင် C က ရေထဲမှာ ပျော်ဝင်နိုင်ပါတယ်။

ဒါက ဘာကိုဆိုလိုသလဲဆိုတော့ သင့်ခန္ဓာကိုယ်ဟာ ဒီအရာကို တစုတဝေးတည်း တာရှည်ထိန်းသိမ်းမထားနိုင်ပါဘူး။ ဒါကြောင့် သူ့ကို နေ့စဉ် ပြန်လည်မှီဝဲပေးဖို့လိုပါတယ်။ ဗီတာမင်စီက အဓိက အကျိုးပြုတဲ့ အရာတွေကတော့ သင့်ရဲ့ ဆံပင် ၊ လက်သည်းနဲ့ အသားအရေတို့ပါပဲ။ ပုံမှန်သင်စားနေကျ မာလကာသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ရှောက်ချိုသီး၊ သင်္ဘောသီး စတဲ့အသီးအနှံတွေကနေလည်း ဗီတာမင်စီဓာတ်ရရှိပါတယ်။ ဗီတာမင်စီရဲ့ အကျိုးပြုပုံတွေကို ပြောပြရရင်ဖြင့်

(၁)     ဆံပင်ကို အကျိုးပြုခြင်း

          ဆံပင်တွေ သန်စွမ်းပြီး ကျန်းမာဖို့အတွက်တော့ ဗီတာမင်စီက ထိရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုပါ။ ဘယ်လိုအသုံးပြုမလဲဆိုတော့ ဗီတာမင်စီ ၊ မကျက်တကျက် ပြုထားတဲ့ အာလူး ၊ ဆီဖြူသီးခွက်တ၀က် ၊ စတော်ဘယ်ရီ သုံးလုံး နဲ့ ငရုတ်ပွအနီရောင်တို့ကို ရောပီး အနှစ်ကလေးတွေဖြစ်သွားတဲ့အထိ သမအောင် မွှေပါ။ ပြီးရင်တော့ ဆံပင်နဲ့ ဦးရေပြားပေါ်ကို ပေါင်းတင်သလို လိမ်းပြီး ဆယ့်ငါးမိနစ် ကနေ နှစ်ဆယ့်ငါးမိနစ် လောက်ကြာအောင် ထားပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ ဆေးချလိုက်ပါ။

(၂)     သင့်ကိုပိုပြီး အားပြည့်စေတယ်လို့ ထင်ရခြင်း

          သင့်ရဲ့ စားသောက်မှုပုံစံမှာ ဗီတာမင်စီက သံဓါတ်ကိုအားဖြည့် စုတ်ယူပေးပါတယ်။ ဒါကြောင့် သင့်ကို အများအမြင်မှာ ပိုပြီး ကြံ့ခိုင်တဲ့ပုံ ပေါက်နေစေပြီး သင်ကိုယ်တိုင်လည်း အားအင်ပြည့်ဝနေတယ်လို့ ခံစားရနိုင်ပါတယ်။

(၃)     လက်သည်းရှည်နှုန်းမြန်စေခြင်း

          ဗီတာမင်စီက ကျွန်ုပ်တို့ရဲ့ လက်သည်းကို သန်သန်စွမ်းစွမ်း ဖြောင့်ဖြောင့်မတ်မတ် ရှည်စေနိုင်ပြီး ခန္ဓာကိုယ်မှာ ရှိတဲ့ အခြား ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အရိုး ၊ တစ်သျှူးနဲ့ အသားအရေတို့ကိုပါ အားကောင်း စေပါတယ်။

(၄)     လက်စွယ်ငုပ်ခြင်းကို တားဆီးပေးခြင်း

          ဘာကြောင့်လဲဆိုတော့ ဗီတာမင်စီက လက်သည်းတွေကို ခိုင်မာစေပြီး ကြီးထွားစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် လက်စွယ်ငုတ်ခြင်းကိုလည်း အလိုအလျောက် ကာကွယ်ပြီး ဖြစ်ပါတယ်။

(၅)     အိုးမင်းရင့်ရော်မှုလက္ခဏာများကို ကာကွယ်ပေးနိုင်ခြင်း

          အသက်အလတ်ပိုင်း အရွယ်ရှိတဲ့ အမျိုးသမီးတွေဟာ ဗီတာမင်စီ နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေ ၊ အရေပြား ခြောက်သွေ့ခြင်း ဖြစ်စဉ်တွေ ကို လျော့နည်း စေပါတယ်။

          ဗီတာမင်စီနဲ့ မျက်နှာပေါင်းတင်လိုတယ်ဆိုရင်တော့ ကီဝီသီးရယ် ၊ သင်္ဘောသီး တစ်ခွက်ရယ်ကို ရောပြီး မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ ဆယ့်ငါးမိနစ်ကနေ မိနစ်နှစ်ဆယ်ထောက်အထိ ပေါင်းတင် ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top