iMyanmarHouse.com - Best Property Website for Myanmar
×














အိမ် မွေးခွေး တစ်ကောင် ပိုင်ဆိုင်ထားခြင်းဟာ သင့် ကလေးရဲ့ ပန်းနာ ရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း အထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှု တစ်ခုက ဖော်ပြလိုက်ပါတယ်။


သုတေသီတွေအနေနဲ့ လယ်ယာသုံး တိရိစ္ဆာန် တွေနဲ့ အဆက်အသွယ် ရှိခြင်းဟာလည်း ပန်းနာရောဂါ အခြေအနေ ဖွံ့ဖြိုးလာမှုကို ရပ်တန့်လိုက်နိုင်တယ်ဆိုတာကိုပါ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထိုလေ့လာမှု မှာ ဖော်ပြထားပါတယ်။ ကျွမ်းကျင်သူတွေ ပြောပြခဲ့တာကတော့ ထို တိကျတဲ့ ရှာဖွေတွေ့ရှိမှုဟာ တစ်ကိုယ်ရည် သန့်ရှင်းရေး အဆိုကြမ်း က တစ်ဆင့် တွေ့ရှိခဲ့တာပါတဲ့။

ထို တွေ့ရှိမှု ကတစ်ဆင့် ဆွေးနွေးတင်ပြခဲ့တာကတော့ ငယ်ရွယ်စဉ်မှာ အလွန်သန့်ရှင်းနေခြင်းဟာ ပန်းနာ ရောဂါ လို Allergy အခြေအနေမျိုးတွေအတွက် ဖြစ်လာနိုင်ခြေ ပိုများစေပါတယ်။ သိပ္ပံပညာရှင်တွေဟာ ခွေးတွေနဲ့ လယ်ယာသုံး တိရိစ္ဆာန် ပိုင်ဆိုင်မှုကို ဥပဒေ နဲ့ မှတ်ပုံတင်ရတဲ့ ဆွီဒင်နိုင်ငံမှာ တည်ရှိပြီး ၂၀၀၁ ထိခုနှစ်ကနေ ၂၀၁၀ ခုနှစ်အတွင်း မွေးဖွားတဲ့ ကလေးငယ် ၁ သန်း ရဲ့ အချက်အလက်တွေကို တွက်ချက်ခဲ့တာပဲ ဖြစ်ပါတယ်။

ခွေးတွေဟာ ကလေးဘ၀ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ၁၅ ရာခိုင်နှုန်း လျှော့ချပေးနိုင်သလို လယ်ယာသုံး တိရိစ္ဆာန်တွေ နဲ့ နီးနီးကပ်ကပ် နေခြင်းဟာ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ၅၂ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အဆိုကြမ်းအရတော့ ငယ်ဘ၀မှာ သန့်ရှင်းမှု လွန်ကဲနေခြင်းဟာ အနုဇီဝ ပိုးမွှားတွေနဲ့ ကပ်ပါးပိုးတွေ ကင်းစင်စေနိုင်သလို ထိုကဲ့သို့ ကင်းစင်နေခြင်းဟာလည်း ခုခံအား စနစ် ကောင်းမွန်စွာ ဖွံ့ဖြိုးလာခြင်း ကို တားမြစ်နေပါတယ်။

ဆွီဒင်နိုင်ငံ ၊ Uppsala တက္ကသိုလ် က ဦးဆောင် သိပ္ပံပညာရှင် ဒေါက်တာ Tove Fall က "အစောပိုင်း လေ့လာမှုတွေဟာ လယ်ကွင်းတစ်ခုမှာ ကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ ပန်းနာရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်ခန့် လျှော့ချပေးနိုင်တယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ ကျွန်တော်တို့ သိချင်ခဲ့တာက ထို ပတ်သက်နေမှုဟာ အိမ်မွေးခွေးတွေနားမှာ ကြီးပြင်းတဲ့ ကလေးတွေကိုရော သက်ရောက်မှု ရှိသလားဆိုတာပါ။ ကျွန်တော်တို့ရဲ့ ရှာဖွေတွေ့ရှိမှု ရလဒ်ဟာ လယ်ယာ မြေ သက်ရောက်မှု ကို အတည်ပြုနိုင်ခဲ့ပါတယ်။ အိမ်မွေးခွေးတွေနားမှာ ကြီးပြင်းခဲ့တဲ့ ကလေးတွေဟာ ခွေးတွေနားမှာ မကြီးပြင်းတဲ့ကလေးတွေထက် ပန်းနာရောဂါ ဖြစ်ဖို့ ၁၅ ရာခိုင်နှုန်း အခွင့်အလမ်းနည်းပါတယ်။" လို့ ဆိုပါတယ်။

ထို သုတေသန ကိုတော့ JAMA Pediatrics ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပြီး ဆွီဒင်နိုင်ငံ ရဲ့ အမျိုးသား ဗဟိုအချက်အလက် များ ဖွဲ့စည်းထားတဲ့ စနစ် ကို သိပ္ပံပညာရှင်တွေ ရယူ သုံးစွဲခဲ့မှု ကြောင့် ထို တွေ့ရှိမှုတွေဟာ ဖြစ်နိုင်ခြေ ရှိခဲ့တယ်လို့လည်း ပူးတွဲ ဖော်ပြထားပါတယ်။


Credit : Thithtoolwin


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top