iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအပြုအမူတွေဟာ သင့်အသားရေ ပျက်စီး ထိခိုက်စေမှန်း သင်မသိဘဲ လေ့ကျင့်ခန်းတွေကို လုပ်မိနေကောင်း လုပ်မိနိုင်ပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ် ရရှိပိုင်ဆိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ် ဆိုပေမယ့် လေ့ကျင့်ခန်းတွေ ဆောင်ရွက်ရာမှာ အသားရေ ထိခိုက်စေနိုင်တဲ့ အချက်တချို့ လွဲမှားစွာ လုပ်ဆောင်မိနိုင်ပါတယ်။ အဲဒီတွေထဲ တချို့မှာတော့

ချွေးစိုနေသော အဝတ်အစားများ အကြာကြီးဝတ်ခြင်း

Gym တွေမှာ ကိုယ်ကာယလေ့ကျင့်ခန်းအပြင်းအထန် ဆောင်ရွက်ပြီးနောက် ချွေးစိုနေသော အဝတ်အစားတွေ အကြာကြီး ဆက်ဝတ်ထားတာ ဘက်တီးရီးယားကူးစက်မှု ဖြစ်ပွားစေနိုင်ပါတယ်။ အဲဒီလို မလိုလားအပ်သော ရောဂါကူးစက်မှုမဖြစ်ပွားအောင် ရှောင်ရှားတဲ့ အကောင်းဆုံးနည်းလမ်း gym မှာ ရေမိုးချိုးပြီး အဝတ်အစားသစ်တစ်စုံ လဲဝတ်ဖို့ပဲ ဖြစ်ပါတယ်။

ပူလွန်းသောရေဖြင့် ရေချိုးခြင်း

လေ့ကျင့်ခန်းလုပ်ပြီးနောက် ရေနွေးဖြင့်ရေချိုးခြင်းက လန်းဆန်းမှု အမှန်တကယ် ဖြစ်စေသည့်တိုင် ရေကို မပူလွန်းစေဖို့ သတိထားပါ။ ဒါက သင့်အသားရေကို ထိခြောက်သွေ့စေပြီး ကသိကအောက်ဖြစ်စေနိုင်ပါတယ်။ အတန်သင့်နွေးတဲ့ရေနွေးဖြင့်သာ ချိုးပြီး ပျော့ပျောင်းတဲ့အရာများသာ အသုံးပြုပါ။

ရေမချိုးဘဲ ရေကူးခြင်း


ခန္ဓာကိုယ် တစ်လုံးလေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် လေ့ကျင့်ခန်း လုပ်နေစဉ်အတွင်း ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းလျမှု၊ ချွေးနဲ့ အညစ်အကြေးတွေ ရှင်းထုတ်ပျောက်ကင်းစေနိုင်မယ် ယူဆပြီး လူတွေ မကြာခဏ ရေကူးတတ်ကြပါတယ်။ ရေကူးကန်အတွင်းရှိ ခရိုရင်းများက သင့်အသားရေအတွက် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ရေကောင်းကောင်းပြန်မချိုးတဲ့အခါ ကိုယ်ပေါ် အကြာကြီး ကျန်ရစ်နေပါလိမ့်မယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top