iMyanmarHouse.com - Best Property Website for Myanmar
×










သင်ဟာ အသက် ၄၀ပြည့်တာနဲ့ ခွဲခြားဆက်ဆံမှုကို ခံရတော့မှာပါ။ အသက် ၄၀ နောက်ပိုင်း အလုပ်သမားတွေဟာ ကိစ္စရပ်အသစ်တွေကို သင်ယူတော့မှာ မဟုတ်တဲ့အပြင် လူငယ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ သဟဇာတ ဖြစ်မှာမဟုတ်တာကြောင့် လုပ်ငန်းရှင်တွေက သင့်ကို မငှားတော့မှာပါ။

သြစတြေးလျ လူ့အခွင့်အရေးကော်မရှင်ရဲ့ နိုင်ငံတော်စုံစမ်းမှုအရ လူသုံးပုံတစ်ပုံဟာ အသက်အရွယ် ခွဲခြားဆက်ဆံမှုကြောင့် အလုပ်အကိုင်ရှာဖွေမှုကို လက်လျှော့ခဲ့ကြရကြောင်း အလုပ်နေရာ ခွဲခြားဆက်ဆံမှုကို သိရှိရပါတယ်။ အသက် ၄၀ ကျော်တာနဲ့ အသက်အရွယ်ခွဲခြား ဆက်ဆံရကြောင်း တိုင်းတန်းမှုတွေလဲ ရှိပါတယ်။

"အလုပ်နေရာ အဟန့်အတား" ဖြစ်မှုဟာ အသက် ၄၀ကျော်တွေအတွက် အဓိက စိန်ခေါ်မှုတွေအနက်က တစ်ခုဖြစ်လာတယ်လို့ လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။

အသက်အရွယ်တစ်ခု ရောက်လာပြီးတဲ့နောက်ပိုင်း လူတွေဟာ ကိစ္စရပ်သစ်တွေကို မသင်ယူတော့ဘဲ လူငယ်အဖွဲ့ဝင်တွေနဲ့ သဟဇာတမဖြစ်တော့တာတွေရှိတယ်လို့ အသက်အရွယ်နှင့် မသန်စွမ်းမှုဆိုင်ရာ ကော်မရှင်အဖွဲ့ဝင် မစ္စ Susan Ryan ကပြောပါတယ်။ ဒါက ကိစ္စမရှိဘူးလို့ သူက ယုံကြည်ထားပါတယ်။

ဝန်ထမ်းရှာဖွေခန့်အပ်သူတွေမှာ သက်ကြီးဝန်ထမ်းတွေနဲ့ပတ်သက်ပြီး အယူအဆမှားတွေ ရှိနေတယ်လို့ မစ္စ Ryan ကပြောခဲ့ပါတယ်။

Credit : Thithtoolwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top