iMyanmarHouse.com - Best Property Website for Myanmar
×






 ဟောလိဝုဒ်မင်းသားကြီး Bradley Cooper နဲ့ ညှို့အားပြင်းမော်ဒယ် Irina Shayk တို့ဟာ သူတို့ရဲ့ အားလပ်ရက်တွေကို ဘဟားမားနိုင်ငံက ကမ်းခြေတစ်ခုမှာ အတူတူအနားယူရင်း အချိန်ကုန်ခဲ့ကြတယ်လို့ သိရပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကြားမှာအချစ်စစ်ဇာတ်လမ်းတွေ ဖြစ်ပေါ်လာတော့မလားဆိုပြီး
 စောင့်ကြည့်မှုတွေ ပြုလုပ်နေကြတာပါ။ အချစ်ရဲ့ အငွေ့အသက်တွေ ပြည့်နေတဲ့ နေရောင်အောက်မှာ သူတို့နှစ်ယောက်ဟာ ပျော်ပျော်ပါးပါး ရေကစားနေကြပြီး တစ်ယောက်ကို တစ်ယောက်ကြင်နာမှု အပြည့်နဲ့ ရှိနေခဲ့ကြတာပါ။

အသက်လေးဆယ်အရွယ်ရှိပြီးဖြစ်နေတဲ့ Bradley Cooper ဟာ Irina Shayk ရဲ့ ကောက်ကြောင်းတွေပေါ်ကို ရေဘူးတစ်ဘူးနဲ့ ဖြန်းပက်ပေးနေပြီး Irina ကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ သူမဟာဆိုရင်တော့ ပန်းရောင် bikini ကို ဝတ်ဆင်ထားပြီး Bradley ကတော့ အနီရောင် ရေကူးဘောင်းဘီကို ဝတ်ဆင်ထားပြီး ယောက်ျားပီသတဲ့ ကိုယ်နေဟန်ထားမှာ ရှိနေခဲ့တာပါ။

သူတို့ဟာ ဟော်တယ်အပြင်ဘက်မှာ ရေကစားကြပြီးတဲ့နောက်မှာတော့ Bradley ကတော့ သူ့ရဲ့ ရေလွှာလျှောစွမ်းရည်ကို ပြခဲ့တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် မင်းသားကြီးနဲ့ မော်ဒယ်မလေးတို့ရဲ့ ချစ်ဇာတ်လမ်းကတော့ လာခြင်းကောင်းနေအုံးမလားဆိုတာ စောင့်ကြည့်ရအုံးမှာပါ။

Credit : Thithtoolwin

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top