iMyanmarHouse.com - Best Property Website for Myanmar
×

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှါး ဝဘ်ဆိုဒ်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍ လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် UMFCCI Office Tower ရန်ကုန်၌ “၂၀၁၅ မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက် အခြေအနေနှင့် အနာဂါတ်အလားအလာ ဟောပြောဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက် အခြေအနေနှင့် ရွေးကောက်ပွဲအလွန် ၂၀၁၆ တွင် ဖြစ်လာနိုင်သည့် အိမ်ခြံမြေ အခြေအနေတို့ကို ပညာရှင်များစွာမှ ရှု့ထောက်ပေါင်းစုံမှနေ၍ ဆွေးနွေးသုံးသပ်ပေးသွားမည်ဖြစ်ပါသည်။ ထိုဆွေးနွေးပွဲတွင် ဦးစိုင်းခွန်နောင် (MD - စိုင်းခွန်နောင် အိမ်ခြံမြေ)၊ ဦးတင်မောင် (MD - ရွိုယ်ရယ်ထွန်းသစ္စာ ကုမ္ပဏီ၊ ဥက္ကဌ - မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေ ကိုယ်စားလှယ်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း)၊ ဦးမြတ်သူဝင်း (MD - ရွှေမင်းသားအိမ်ခြံမြေ)၊ ကြည်စိုး IC (အိမ်ဘုရင်) နှင့် ဦးနေမင်းသူ (MD – iMyanmarHouse.com) တို့မှ ပါဝင် ဟောပြောမည်ဖြစ်ပါသည်။

နေ့ရက်: 14th November 2015 (စနေနေ့)
အချိန်: နေ့လည် ၂ နာရီမှ ၅ နာရီ
နေရာ: UMFCCI Office Tower, မင်္ဂလာခန်းမကြီး၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့ နယ်၊ ရန်ကုန်

ထိုဟောပြောပွဲကို မည်သူမဆို အခမဲ့တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းလိုပါက ဤနေရာတွင် ပေးသွင်းနိုင်ပါသည် ==> http://www.imyanmarhouse.com/seminar

Credit: iMyanmarHouse.com

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top