iMyanmarHouse.com - Best Property Website for Myanmar
×

Kanye West နဲ့ Kim Kardashian တို့ဟာ နောက်လထဲမှာ မွေးဖွားမယ့် သူတို့ရဲ့ သားလေးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေကြပါပြီ။ ဒီအချိန်မှာ အားလုံးစိတ်ဝင်စားနေကြတာ က သူတို့ရဲ့ သားငယ်လေးကို ဘယ်လိုနာမည် ပေးမယ်ဆိုတာပါပဲ။

ပရိတ်သတ်တွေ ခန့်မှန်းထားကြတာကတော့ သူတို့ ပထမ သမီးဦးလေးကို တည်နေရာပြ တဲ့ နာမည်ဆန်ဆန် North West လို့ပေးခဲ့တာကြောင့် အခုမွေးဖွားမယ့် သားငယ်လေးကိုလည်း South West လို့ ပေးလာနိုင်တယ်လို့ ထင်နေကြတာပါ။

ဒါပေမယ့်လည်း ဇွန်လတုန်းက NPR နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ "Keeping Up With The Kardashians" အစီအစဉ်ရဲ့ ကြယ်ပွင့် ဟာ သူမနဲ့ Kanye West နဲ့ စဉ်းစားထားတဲ့ နာမည်တွေထဲမှာ တည်နေရာပြတဲ့ နာမည်မျိုးတွေ မပါဝင်ဘူးလို့ သိရပါတယ်။

အတွင်းလူတစ်ယောက် ရဲ့ ပြောကြားချက်အရတော့ "Legend နဲ့ Saint ဆိုတာတွေကတော့ ဖြစ်နိုင်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ သေချာတဲ့ နာမည်တစ်ခုကို မဆုံးဖြတ်ရသေးပါဘူး။ ကလေး မွေးပြီးအောင် စောင့်နေပုံပါပဲ။ ကလေးမွေးပြီး ကလေးနဲ့ ခဏနေပြီးတော့မှ ဆုံးဖြတ်ချက်ချမယ့်ပုံပါပဲ။ ကလေး နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အဓိက ပန်းတိုင်ကတော့ ကလေး ကျန်းမာဖို့ နဲ့ Kim တစ်ယောက် မွေးဖွားပြီးချိန် ကျန်းမာဖို့ တို့ပါ။ ပြီးမှ နာမည်ပေးကြမှာပါ။" လို့ ဆိုပါတယ်။

Kim Kardashian နဲ့ Kanye West တို့ရဲ့ ဒုတိယ မြောက်ရင်သွေးလေးကိုတော့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မွေးဖွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပရိတ်သတ်တွေလည်း Legend West နဲ့ Saint West ဘယ်နာမည် ကို သူတို့ စုံတွဲပေးကြမယ်ဆိုတာ ခန့်မှန်းကြည့်ဖို့ပဲ ရှိပါတော့တယ်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top