iMyanmarHouse.com - Best Property Website for Myanmar
×

ပရိတ်သတ်တွေ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ Rihana ရဲ့ Anti အယ်လ်ဘမ်ဟာဆိုရင် ဒီဇင်ဘာလအတွင်းမှာ ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အယ်လ်ဘမ်ရဲ့ ခေါင်းစဉ်နဲ့ တခြားအပြီးသတ်လုပ်ငန်းတွေကို အရင်လက အပြီးသတ်ခဲ့ပြီး နောက်ဆုံးအချောသတ်အဆင့်ကိုတော့ သူမျှော်မှန်းထားတဲ့အတိုင်း နိုဝင်ဘာလ ၆ ရက်နေ့မှာ အပြီးသတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။  Billboard ကတော့ ဖြန့်ချိမယ့်နေ့ကို  မထုတ်ပြန်သေးပေမယ့် ဒီဇင်ဘာလအတွင်းမှာ ထွက်နိုင်လိမ့်မယ်လို့တော့ သိရပါတယ်။

သူမဟာ အယ်လ်ဘမ်မထွက်ခင်မှာ single တစ်ပုဒ်ကို ထုတ်လုပ်ဖို့ ကြိုးစားနေခဲ့ပြီး အယ်လ်ဘမ်နဲ့ အချိန်တအားကပ်နေမှာ ဖြစ်တာကြောင့် မထုတ်လုပ်ဖို့ ဆုံးဖြတ်ချက်ကိုလည်း ခက်ခက်ခဲခဲ ချခဲ့ရတယ်လို့လည်း သိရပါတယ်။ နောက်ထပ်နှောင့်နှေးနေတဲ့ အကြောင်းအရာတစ်ခုကတော့ သူမရဲ့ အယ်လ်ဘမ်ကို တာဝန်ယူအသံသွင်းပေးခဲ့တဲ့ Jay-Z က အယ်လ်ဘမ်ထုတ်လုပ်ဖို့ အစီအစဉ်တွေကို သေသေချာချာ  မချမှတ်ရသေးတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Jay-Z ဟာ ဆမ်ဆောင်းနဲ့သူ့ကို ပါတနာဖြစ်လာစေတဲ့ အယ်လ်ဘမ် "Magna Carta... Holy Grail" နောက်ပိုင်းမှာ ဂီတလုပ်ငန်းတွေကို မလုပ်တော့ဘဲ ဇနီးသည် Beyonce နဲ့ အတူ အချိန်ကုန်ခဲ့တာကြောင့်ဂီတလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ပေးတဲ့အခါမှာတော့ နှောင့်နှေးမှုတွေ
 ဖြစ်နေတာပါ။

 Rihana ရဲ့ Anti အယ်လ်ဘမ်မှာတော့ Kanye West နဲ့ Paul McCartney တို့က ပါဝင်သီဆိုပေးထားတယ်လို့လည်း သိရပါတယ်။   "B**ch Better Have My Money" နဲ့ "American Oxygen" တို့ကိုလည်း အယ်လ်ဘမ်မထွက်ခင်တည်းက Single အနေနဲ့ ထွက်ရှိထားတယ်လို့လည်း သိရပါတယ်။ သူမဟာ  2015 Victoria's Secret ရှိုးမှာ ပါဝင်ပြီး မော်ဒယ်လုပ်ပေးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Credit:ThittooLwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top