ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားဖြစ်ပြီး ခေါင်းကိုက်လာတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်တိုင်ပင်သင့်ပါတယ်။
ရင်ဘတ်နာခြင်း
ရင်ဘတ်နာကျင်မှုများကြောင့် ရင်ပူရင်ဆာဖြစ်ခြင်းကဲ့သို့ မပြင်းထန်သော
ဝေဒနာကိုသာရသော်လည်း အခြားသော ရင်ဘတ်နာကျင်မှုပုံစံများကြောင့်
ပြင်းထန်သောဝေဒနာများ ဖြစ်ပေါ်လာနိုင် သည်။
လေ့ကျင့်ခန်းမလုပ်ခြင်း (သို့မဟုတ်) အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ်
အားအလွန်အမင်းစိုက်ထုတ်လှုပ်ရှားချိန်တွင် ရင်ဘတ်နာကျင်နိုင်သည်။ သို့သော်
ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အနည်းငယ်အားစိုက်လိုက်ရုံဖြင့် ရင်ဘတ်ပိုင်းတွင်
မသက်မသာခံစားရပါက စိုးရိမ်စရာ ဖြစ်သည်။
ရင်ဘတ်ပိုင်းနာကျင်မှုများသည် နှလုံးရောဂါ ဖြစ်နေပြီဆို သော လက္ခဏာများ
မဟုတ်သော်လည်း ရင်ဘတ်၊ လက်မောင်း(သို့မဟုတ်) မေးရိုးများနာကျင်နေပါက
နှလုံးရောဂါရှိနိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။
ခေတ္တခဏလမ်းလျှောက်ပြီး မောပန်းသလိုခံစားရခြင်း (သို့ မဟုတ်)
ပြတ်တောင်းပြတ်တောင်းအသက်ရှူရခြင်း ကြုံတွေ့ရပါကဆရာဝန်နှင့်ပြသရန်
လိုအပ်သည်။
ယေဘုယျအားဖြင့် ရင်ဘတ်အပေါ်ပိုင်း၊ ရင်ဘတ်အောက်ခြမ်း၊ လည်ပင်း၊ မေးရိုး၊
ဘယ်ဘက်ပခုံး (သို့မဟုတ်) လက်မောင်းနေရာ၌ နာကျင်ခြင်းနှင့် မူးမော်ခြင်း၊
ဇောချွေးပြန်ခြင်းတို့ ကြုံရခြင်းမှာ နှလုံးရောဂါများနှင့် ဆက်စပ်မှုရှိသည်။
ခေါင်းကိုက်ခြင်း
ခေါင်းကိုက်တာကို အားလုံးက ပေါ့ပေါ့ပါးပါးပဲ သဘောထားကြပါတယ်။ သာမန်အကိုက်အခဲပျောက်ဆေးနဲ့ ဖြေရှင်းကြပါတယ်။ ဒါပေမဲ့ ခဏခဏ ခေါင်းကိုက်နေရင် သတိထားပါ။ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမားဖြစ်ပြီး ခေါင်းကိုက်လာတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်တိုင်ပင်သင့်ပါတယ်။
လက်များနာကျင်ခြင်း
လက်တွေနာကျင်ကိုက်ခဲတာ၊ လက်တွေအားနည်းသလိုဖြစ်နေတာတွေဟာ လေဖြတ်ခြင်းနဲ့ပက်သက်တဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် သတိထား သင့်ပါတယ်။
Credit : 7 Day Daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသက်အန္တရာယ်ရှိနိုင်တဲ့ ခန္ဓာကိုယ်နာကျင်မှု (၃) ခု
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။