တအားအက်ကွဲသွားပြီဆိုရင် လမ်းတောင်မလျှောက်နိုင်ကြပါဘူး။ ဒီ့အတွက် နည်းလမ်းရှိပါတယ်။ ဆောင်းတွင်းရောက်လာတဲ့အခါ အသားတွေပပ်တာအပြင် ဖနောင့်ကွဲတဲ့ဒဏ်ကိုပါ ခံကြရပါတယ်။ တအားအက်ကွဲသွားပြီဆိုရင် လမ်းတောင်မလျှောက်နိုင်ကြပါဘူး။ ဒီ့အတွက်နည်းလမ်းရှိပါတယ်။
- ဇလုံထဲခြေဖနောင့်မြှပ်တဲ့ထိ ရေနွေးထည့်ပါ။ ဆား ၃-၄ ဇွန်းကို ထမင်းစားဇွန်းနဲ့ထည့်ပါ။ နောက်တော့ ခြေထောက်ကို မိနစ် ၃၀ စိမ်ပါ။
- မိနစ် ၃၀ ကြာလာတဲ့အခါ ဖနောင့်နေရာက မာပြီးကြမ်းရှနေတဲ့နေရာတွေကို ကြေးတွန်းကျောက် ဒါမှမဟုတ် အဝတ်ကြမ်းနဲ့ပွတ်တိုက်ပေးပါ။ တအားကြီးပွတ်တိုက်စရာ မလိုပါဘူး။
- အတော်အသင့် ပွတ်တိုက်ပြီးသွားတဲ့အခါ ခြေထောက်ကို အဝတ်စနဲ့ခြောက်အောင်သုပ်ပါ။ သံလွင်ဆီ ဒါမှမဟုတ် အလှဆီလိမ်းပြီး အဝတ်နဲ့ တစ်နာရီခန့်ပြန်ပတ်ထားပါ။
- ဒီနည်းအတိုင်း လေးငါးခါလောက်လုပ်လိုက်တဲ့အခါ သက်သာပျောက်ကင်းလာပါလိမ့်မယ်။ ဒါပေမဲ့ သံလွင်ဆီကိုတော့ ဆက်ထည့်ပေးသင့်ပါတယ်။
***ခြေဖဝါးတအားအက်နေရင် ဆားမထည့်ဘဲစိမ်ပါ။
Credit : duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဆောင်းတွင်းမှာ ဖနောင့်ကွဲတာကို ကုသနည်း
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။